ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမြို့နယ်covid-19ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်တွေ့ဆုံ

လောက်ကိုင် စက်တင်ဘာ  -၂၃

177

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်မြို့တွင် စက်တင်ဘာ(၂၃)ရက်နံနက် (၈)နာရီက ကိုးကန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးအစည်းအဝေးခန်းမ၌လောက်ကိုင်၊ကုန်းကြမ်းမြို့နယ် Covid-19 ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာလင်းထွဋ် နှင့်တွေ့ဆုံကြောင်းသိရသည်။

 ဆက်လက်၍ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးအာကာမင်းမှ မဲဆန္ဒရှင်စာရင်းများမဲရုံများ၊ လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကိုရှင်းလင်းတင်ပြပြီး လောက်ကိုင် မြို့နယ် Covid-19ရောဂါထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးငွေဒိုးနှင့် ကုန်းကြမ်း မြို့နယ်COVID-19ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းဝင်းစိုးတို့မှ Covid-19ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့် လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်းသိရသည်။

 ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လောက်ကိုင်မြို့နယ်နှင့်ကုန်းကြမ်း မြို့နယ်များအတွက် COVID-19ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် mask(၂၅၀၀)စီနှင့် ငွေသားကျပ်(၁၀)သိန်းစီ ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန် ကြီးဒေါက်တာအောင်သန်းမောင်မှ လောက်ကိုင်မြို့နယ် နှင့်ကုန်းကြမ်းမြို့ နယ်အတွင်းရှိအသက်(၈၀)နှင့်အသက်(၈၅)နှစ် မပြည့်သေးသည့်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ကြောင်းသိရသည်။

 ၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကနိဂုံးချုပ်အမှာစကားပြောကြားရာ မကြာခင်ကျင်းပတော့မည့် ပါတီစုံအထွေထွေရေးကောက်ပွဲနှင့်ယခုအချိန်တွင်ကမ္ဘာ့အနှံ့ဖြစ်ပွားလျကိရှိသည့်COVID-19 ရောဂါနှင့်ပတ်သက်၍ ရှင်းလင်း ပေးသည့်အတွက်ကျေးဇူးတင်ပါကြောင်း၊ မဲရုံပတ်ဝန်းကျင်၊မဲရုံအတွက်အခန်း၊ မဲဆန္ဒရှင်မဲစာရင်းများစည့်ကိစ္စရပ်များနှင့် လုံခြုံရေးအတွက်ကုန်းကြမ်း ဒေသသည့်လုံခြုံရေးဆောင်ရွက်ရာတွင်ခက်ခဲသည့်အတွက် မြန်မာနိူင်ငံရဲတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊မဲဆန္ဒရှင်များလွတ်လပ်စွာ မဲပေးနိုင်ရေးဆောင်ရွက်ပေးရန်၊ ဆက်သွယ်ရေးကိစ္စရပ်များတွင်မဲစာရင်းများ ပေးပို့ရာ၌အင်တာနက်လိုင်းများမ ကောင်းသဖြင့်တစ်ဘက်နိုင်ငံမှရယူသုံးစွဲနေရသောကြောင့် အဆင်မပြေ သဖြင့်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးကိစ္စရပ်များတွင် လည်းအနီးပတ်ဝန်းကျင်ရှိမီးစက်များကိုဌားရမ်းသုံးစွဲရန်နှင့် ကုန်ကျမည့် စက်ဆီများအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များမဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကဒ်ပြားများဆောင်ရွက်ပေးထားရန်၊ Covid-19ရောဂါနှင့်ပတ်သက်၍အား လုံးဝိုင်းဝန်းကူညီပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းသိရသည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်တာဝန်ရှိသူများသည် လောက်ကိုင်ပြည်သူ့ဆေးရုံးသို့ သွားရောက်ကာဆေးရုံအတွက် COVID-19ရောဂါကာကွယ်ရေးသုံး ပစ္စည်းmask(၂၅၀၀)ခုနှင့်ငွေကျပ်(၂၀)သိန်း၊ လက်အိတ် (၁၀)ဘူးပါ(၁)ပုံးနှင့် ကုန်းကြမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက်ငွေကျပ်(၁၅)သိန်း၊ ကုန်းကြမ်း မြို့နယ်အတွက် သားအိမ်ခေါင်းကင်ဆာစမ်းသပ်စက်တို့ကို ပေးအပ်လှူဒါန်းပေးရာတာဝန်ရှိသူများမှအသီးသီး လက်ခံရယူ ကြသည်။ ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ချင်းရွေဟော်-လောက်ကိုင် လမ်းမိုင်(၂၀/၃-၂၁/၂)အတွင်း (၅.၃၉)ဖာလုံအရှည်(၄၀)ပေအကျယ်အား ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းအား ကြည့်ရှုစစ်ဆေး ရာလမ်းဦးစီးဌာနမှ တာဝန် ရှိသူများမှရှင်းလင်းကာပြည်နယ်ဝန် ကြီးချုပ်ကလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates