ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်မိုင်းရယ်မြို့နယ်Covid-19ကော်မတီ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ

မိုင်းရယ် စက်တင်ဘာ-၂၄

179

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့နယ်Covid-19ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် စက်တင်ဘာ (၂၄)ရက် နံနက်(၁၀)နာရီခွဲကမိုင်းရယ်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်တွေ့ဆုံကြောင်းသိရသည်။ 

မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်နန်းစုနိုင်ဦးမှ မဲဆန္ဒရှင်စာရင်းများ မဲရုံများ၊ လုံခြုံရေး ကိစ္စရပ်များ၊ လျှပ်စစ်မီးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြီး၊ မြို့နယ်Covid-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးသန်းလွင်မှ Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့်စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်းသိရသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့မှ မြို့နယ်Covid-19ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့်mask(၂၅၀၀)ခု ပေးအပ်၍လည်းကောင်း၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ် ShiningMyanmarCo.,Ltd.မှ အလှူငွေကျပ်(၅)သိန်းပေးအပ်ရာမြို့နယ်ကိုဗစ် 19ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်မှ လက်ခံရယူပြီးပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 95 guests and no members online

Latest Updates