ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်တန့်ယန်းမြို့နယ်Covid-19ကော်မတီ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ

တန့်ယန်း စက်တင်ဘာ-၂၄

180

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်Covid-19ကော်မတီ ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်စက်တင်ဘာ (၂၄)ရက် မွန်းလွဲ(၂)နာရီခွဲက တန့်ယန်းမြို့နယ် ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တွေ့ဆုံကြောင်းသိရသည်။ 

တန့်ယန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးစိုင်းစံအေးမှ မဲဆန္ဒရှင်စာရင်းများ မဲရုံများ၊ လုံခြုံရေး ကိစ္စရပ်များ၊ လျှပ်စစ်မီးကိစ္စရပ်များစသည့်ကြိုတင်ပြင်ဆင်ထားရှိမှုများကိုရှင်းလင်းတင်ပြီး မြို့နယ်Covid-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးသက်လွင်ထွန်းမှ Covid-19ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့်စစ်ဆေးမှုအခြေအ နေတို့ကိုရှင်းလင်းတင်ပြကြကြောင်း သိရသည်။ 

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့မှမြို့နယ်Covid-19ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask(၂၅၀၀)ခုပေးအပ်၍လည်းကောင်း၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ် ShiningMyanmarCo.,Ltd.မှ အလှူငွေကျပ်(၅)သိန်း ပေးအပ်ရာမြို့နယ်ကိုဗစ် 19ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်ထွန်းမှလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 252 guests and no members online

Latest Updates