ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တန့်ယန်း မြို့အောင်တော်မှုစေတီဘုရားသွားရောက်ကြည့်ရှုဖူးမျှော်

တန့်ယန်း စက်တင်ဘာ-၂၅

181

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ (၂၅)ရက် နံနက်(၈)နာရီခွဲက တန့်ယန်းမြို့ရှိ အောင်တော်မှုစေတီဘုရားအားသွား ရောက်ကြည့်ရှူဖူးမျှော်ပြီးစေတီတော် အဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှု၍ အောင်တော်မှုစေတီကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝထ္ထု ပစ္စည်းနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူတော်ငွေကျပ်သိန်း(၂၀)၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်နှင့် ဇနီးမပိုးဖြူ ShiningMyanmarCo.,Ltd မှ အလှူငွေကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည်တန့်ယန်းမြို့ နယ်ရှိမန်ကတ် မြို့ဝင်မြို့ထွက် တွင်ဖွင့် လှစ်ထားသောCovid-19ရောဂါကာ ကွယ်ရေးအတွက်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသောဌာနပေါင်းစုံ ဝန် ထမ်းများအားကြည့် ရှုကာလိုအပ် သည်များမှာကြားပြီးထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။ 

 

မောင်မောင်သန်း(တောင်ကြီး)

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 146 guests and no members online

Latest Updates