ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ လားရှိုးမြို့နယ်မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်

လားရှိုး စက်တင်ဘာ-၂၅

182

 ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအ တွင်းရှိပြည်သူ(၇၈)ဦးအား နိုင်ငံသားစီစစ်ရေး ကဒ်ပြားပေးအပ်ခြင်းကို စက်တင်ဘာ(၂၅)ရက် နံနက်(၁၁)နာရီက လားရှိုးမြို့မယ်ဟန်ဘုန်းတော်ကြီး ကျောင်းဝင်း၌ ကျင်းပကြောင်းသိရသည်။ 

လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာမှ နိုင်ငံရေးစိစစ်ရေးကဒ်(၅၇)ကဒ်၊ နောင်သုံးကျေးရွာမှ နိုင်ငံသားစိစစ်ရေးကဒ်(၁၅)ကဒ်၊ နမ့်ခိုက်ကျေးရွာအတွက်(၆)ကဒ်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်ရာမယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကိုယ်စားရပ်မိရပ်ဖများကလက်ခံရယူပေးကြသည်။ 

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိလာပြီး၊ မန်ဆူဆရာတော်အားဖူးမျှော်ကန့်တော့၍ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၂၀)ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။ 

ထို့နောက်လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့ရှိအမှတ်(၁၊၅၊၉၊၁၀၊၁၂)ရပ်ကွက် အတွင်းရှိ ပြည်သူ (၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း၌အမည်ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်မရှိသေးသူ (မဲစာရင်းတွင်အပေါက်ဖြစ်နေသူ)       (၆၁၉၀၁)ဦးရှိပြီး၊ ယနေ့ထိ(၈၈၈၉)ဦးအား မှတ်ပုံတင်နံပါတ်စိစစ်ဖြည့်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊မဲ ဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်သည့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသေးသူများအား အသစ်ပြုလုပ်ပေးခြင်းကိုလည်း ယနေ့ထိ(၂၆၀၂)ဦး ထပ်မံထုတ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့ထိမဲစာရင်းအပေါက်ဖြစ်နေမှုအား(၁၁၄၉၁)ဦး မှတ်ပုံတင်နံပါတ် ဖြည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်းကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့်ရပ်ကွက်ပေါင်း(၅)ရပ်ကွက်မှပြည်သူ (၂၅၅)ဦးအားနိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။ 

၎င်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လားရှိုးမြို့ရှိအမှတ်(၁၊၅၊၉၊၁၀၊၁၂) ရပ်ကွက်အတွင်းရှိပြည်သူ(၂၅၅) ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများပေးအပ်ရာ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပြီးပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးမိုးစိန်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။ 

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့သွားရောက်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊အတွင်း ရေးမှူးဦးနှစ်ဆန်းဦးမှ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှများနှင့် စပ်လျဥ်း၍ရှင်းလင်းတင်ပြပြီး၊ လားရှိုးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းမှ ရွေးကောက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကာ လားရှိုးမြို့နယ်COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးအာကာလင်းမှcovid-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများရှင်းလင်းတင်ပြပြီး၊ လားရှိုးမြို့နယ် Coronavirus Disease-2019 ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီသို့ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီနှင့်covid-19ရောဂါ ကာကွယ်ရေးအတွက်ကျန်းမာရေးသုံးပစ္စည်းmask(၂၅၀၀)ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်းတို့မှပေးအပ်ရာခရိုင်/မြို့နယ်ဥက္ကဋ္ဌ များကလက်ခံရယူ၍ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943