ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်

လားရှိုး                စက်တင်ဘာ  -  ၂၈

181

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားပေးအပ်ခြင်းကို စက်တင်ဘာ(၂၅)ရက် နံနက်(၁၁)နာရီက လားရှိုးမြို့၊ မယ်ဟန်ဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပ ကြောင်း သိရသည်။

လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာမှ နိုင်ငံရေးစိစစ်ရေးကဒ် (၅၇)ကဒ်၊ နောင်သုံးကျေးရွာမှ နိုင်ငံသားစိစစ်ရေးကဒ် (၁၅)ကဒ်၊ နမ့်ခိုက်ကျေးရွာအတွက် (၆)ကဒ်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်ရာ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိလာပြီး မန်ဆူဆရာတော်အား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၂၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းရုံ၌ လားရှိုးမြို့ရှိ အမှတ်(၁၊၅၊၉၊၁၀၊၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူ (၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်မရှိသေးသူ (မဲစာရင်းတွင် အပေါက်ဖြစ်နေသူ) (၆၁၉၀၁)ဦး ရှိပြီး ယနေ့ထိ (၈၈၈၉)ဦးအား မှတ်ပုံတင်နံပါတ် စိစစ်ဖြည့်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် အမည် မပါဝင်သည့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေးသူများအား အသစ်ပြုလုပ်ပေးခြင်းကိုလည်း ယနေ့ထိ (၂၆၀၂)ဦး ထပ်မံထုတ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့ထိ မဲစာရင်းအပေါက်ဖြစ်နေမှုအား (၁၁၄၉၁)ဦး မှတ်ပုံတင်နံပါတ် ဖြည့်သွင်းခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်ပေါင်း (၅)ရပ်ကွက်မှ ပြည်သူ(၂၅၅)ဦး အား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လားရှိုးမြို့ရှိ အမှတ်(၁၊၅၊၉၊၁၀၊၁၂) ရပ်ကွက်အတွင်းရှိ ပြည်သူ(၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပေးအပ်ရာ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပြီး ပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးမိုးစိန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းမှ ရွေးကောက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကာ လားရှိုးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းမှ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ် Corona Virus Disease - 2019 (COVID-19)ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်း Mask(၂၅၀၀)ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ပေးအပ်ရာ ခရိုင်/ မြို့နယ် ဥက္ကဋ္ဌများက လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 102 guests and no members online

Latest Updates