ရှမ်းပြည်နယ်သတင်းများ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ ဖျက်ဆီး

ခိုလမ်             အောက်တိုဘာ   -    ၇

190

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်နယ်မြေရဲစခန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ ဖျက်ဆီးခြင်းကို အောက်တိုဘာ(၇)ရက် နံနက်(၁၁)က ခိုလမ်-ကျိုင်းတောင်းကားလမ်းမဘေးတွင် ကျင်းပသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခု ခိုလမ်ဒေသပတ်ဝန်းကျင်က ဖမ်းဆီးရမိခဲ့ သည့် မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်က တောင်ကြီးမြို့မှာ မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါကြောင်း၊ အစပျိုးဓါတုပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ ထုထည်ပမာဏများပြားသည့်အတွက် သယ်ယူရန် ခက်ခဲခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ရာတွင် မမျှော်လင့်သည့်အုပ်ချုပ်မှုကိစ္စများ ဖြစ်ပေါ်နိုင်သည့်အတွက် ဇွန်လ(၂၆)ရက်နေ့က ဖျက်ဆီးခြင်း မပြုနိုင်ခဲ့ဘဲ ဒီနေ့မှာ ဖျက်ဆီး ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို နှစ်အလိုက် နှိုင်းယှဥ်ကြည့် ပါက ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ( ၃၁ )သန်း၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ( ၁၄၃ )သန်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁၀၉)သန်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ(၆၅၁)သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး များကို ဖျက်ဆီးခဲ့ပြီးဖြစ်သည့်အတွက် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ(၅၀၁)သန်း ပိုမိုဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ် ရှမ်းပြည်နယ်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း(၈၃၄.၉၄၁၈) သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း၊ တားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည့်အတွက် နမ့်စန်မြို့နယ်၊ ခိုလမ်ဒေသတွင် မူးယစ်ဆေးဝါးအမျိုးအစား(၁၀)မျိုး၊ အစပျိုး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအမျိုးအစား(၂၄)မျိုး၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်( ၂၁၂၁၁.၈၁၉ )သန်းကျော် တန်ဖိုးရှိသည့် ပစ္စည်းများအပြင် မော်တော်ယာဥ်( ၈ )စီး၊ လက်နက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံ ( ၃၉ )ဦးနှင့် တရားခံပြေး (၂)ဦး၊ စုစုပေါင်း (၄၁)ဦးတို့ကို အရေးယူနိုင်ခဲ့တာဖြစ်ကြောင်း၊ နှစ်စဥ် မူးယစ်ဆေးဝါး ပမာဏများစွာ ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံနှင့် ကမ္ဘ့ာနိုင်ငံများ လူမှုပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကြီးသည် ကျယ်ပြန့်လျက် ရှိနေဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်နေသည့်ကြားက မူးယစ်ဆေးဝါးအန္တရာယ်ဟာ ခြိမ်းခြောက်လျက် ရှိနေဆဲဖြစ်ကြောင်း အလေးထားရုပြုရန် လိုအပ်ပါကြောင်း ပြောကြားသွား သည်။

ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်မှ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်တင်ကိုမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ၏ အမှုဖြစ်စဥ် အကျဥ်းအား ရှင်းလင်းရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်(၂၂)ရက်နေ့ ညနေ (၄)နာရီ ၁၅မိနစ်အချိန်တွင် အမှတ်(၁၅၀)ခြေလျင်တပ်ရင်းမှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်လတ် ဦးစီးအဖွဲ့၊ အမှတ်(၁၅၂) ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အောင်မျိုးဦး ဦးစီးအဖွဲ့တို့သည် ခိုလမ်မြို့၊ နားပွဲကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း(LD-963425)နေရာတွင်လည်းကောင်း၊ ရှေ့တန်းအမှတ် (၃၃၂) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောနောင် ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း (LD-958424)နေရာတွင် လည်း ကောင်း၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အမှတ်(၁၅၂)ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးအောင်မျိုးဦး ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း(LD-972427)နေရာတွင် လည်းကောင်း၊ သြဂုတ်လ (၂၅)ရက်နေ့ ညနေ (၅)နာရီခန့်တွင် အမှတ်(၁၅၂) ခြေလျင်တပ်ရင်းမှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူးအောင်မျိုးဦး ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း(LD-968432)နေရာတွင်လည်းကောင်း မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာတွင် မူးယစ်ဆေးဝါးချက်လုပ်နေသော ဘိန်းချက်စခန်းအား တွေ့ရှိပြီး   မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်    အသုံးပြုသော    ဆက်စပ်ပစ္စည်းများဖြစ်သည့်   ဆာလဖျူရစ်အက်စစ်အမျိုးအစား(၅)ဂါလံဆံ့ အပြာရောင်ကော်ပုံး (၅၄၅)ပုံး၊ (၅၀)ဂါလံဆံ့ သံပေပါ (၄၂)လုံး၊ (၅၀)ဂါလံဆံ့ အပြာရောင်ကော် ပေပါ (၂၀)လုံး၊ မော်တော်ယဥ်များဖြစ်သည့် လဇ်ခရုဇာအပြာရောင်(၁)စီး၊ သရီးကရောင်း(၃)စီး၊ ကန်တာယာဥ် (၁)စီး၊ ပါဂျဲရိုး (၁)စီး၊ ဗီဂိုး(၁)စီး၊ ဆက်စ်ကား (၁)စီး၊ စုစုပေါင်း မော်‌တော်ယာဥ် (၈)စီး၊ လက်နက်အမျိုးအစား ပွိုင့်(၂၂) (၁)လက်၊ တရုတ် လက်ပစ်ပုံး (၄၆)လုံး၊ တရုတ်စက်လက်ကျည် (၃၆၀)တောင့်၊ ပွိုင့်(၂၂)ကျည်(၆၀)တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ ကြောင်း၊ ယခုနှစ်အတွင်း တောင်ကြီးမြို့တွင် ကျင်းပသော မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲတွင်လည်း ထည့်သွင်းမီးရှို့ဖျက်ဆီး နိုင်မှု မရှိရခြင်းမှာ သက်သေခံပစ္စည်း ဆာလဖျူရစ်အက်စစ်ပေပါများအား ရွှေ့ပြောင်းသယ်ဆောင်ပါက ပေါက်ကွဲပျက်စီးစေ တတ်သောပစ္စည်းများဖြစ်ပြီး မလိုအပ်သော အုပ်ချုပ်မှုကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ဖမ်းဆီးရမိသည့် နယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်း၌သာ ယခုကဲ့သို့ မြေကျင်းထဲသို့ သွန်မှောက်ဖျက်ဆီးရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဖမ်းဆီးရမိ သော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများအား လှည့်လည်ကြည့်ရှုပြီး မြေကျင်းထဲသို့ သွန်ချဖျက်ဆီး ပေးကြကြောင်း သိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 135 guests and no members online

Latest Updates