ရှမ်းပြည်နယ်သတင်းများ

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

တောင်ကြီး အောက်တိုဘာ  -  ၁၂

197

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများမှ အလှူငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်းမှ ပေးအပ်လှူဒါန်း၍လည်းကောင်း၊ Kyaukse Silk Co.,Ltd ၊ Myanmar Silk Co.,Ltd  တို့မှ Medical Masks (၄၈၀၀၀)ခု၊ Face Shield (၃၀၀၀)ခု၊ Hand Gel (၈)ဖာ (၃၂၀)ဗူးတို့ကို လှူဒါန်းပေးကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 113 guests and no members online

Latest Updates