ရှမ်းပြည်နယ်သတင်းများ

ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်း

တောင်ကြီး အောက်တိုဘာ   -   ၂၆

204

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းခြင်းကို အောက်တိုဘာ(၂၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် တင်ဒါခေါ်ယူဆောင်ရွက်မှု အခြေအနေများကို တင်ဒါ ရှင်းလင်းပွဲများ ဆောင်ရွက်၍ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တက်ရောက်လာသည့် တင်ဒါ အဖွဲ့ပြည်သူများ အသိဖြစ်ပါကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကုမ္ပဏီများအားလုံး တက်ရောက်နိုင်မှုမရှိမှာကို ကြိုတင် ခန့်မှန်းပြီး Zoom Meeting ဖြင့်တက်ရောက်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းမှာ ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် (၁၅၆၉၂.၁၇၃)သန်းနှင့် ရုံးအဆောက်အဦ(၅)လုံး၊ ဝန်ထမ်းအိမ်ရာ (၄)လုံး၊ ကုန်ထုတ်လမ်း(၁၀၇)လမ်း (၁၈၄/၁.၅)မိုင်၊ ကုန်ထုတ်တံတား(၂၂၇)စင်း (၁၆၀၇)ပေ၊ ရေရရှိရေးလုပ်ငန်း (၃၈၂)ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ လုပ်ငန်းအားလုံး ကိုတင်ဒါခေါ်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျပ်သန်း(၁၀၀)အထက်နှင့် ကျပ်သန်း(၁၀၀)အောက် လုပ်ငန်းအားလုံးကို တင်ဒါ ဆွဲဝယ်နိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်းသတင်းစာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၅)ရက်နှင့် ကြေးမုံသတင်းစာတွင် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၆)ရက်တို့မှာ ထည့်သွင်းကြေညာခဲ့ပြီးဖြစ်ကြောင်း၊ COVID-19 ကာလ ဖြစ်သည်နှင့်အညီ ကုမ္ပဏီများ အဆင်ပြေစေရေးအတွက် တင်ဒါတင်သွင်းချိန်အား တစ်လခွဲခန့် အချိန်ပေးထားတာဖြစ်ကြောင်း၊ ကုမ္ပဏီများဖက်ကလည်း မိမိတို့စိတ်ပါဝင်စား ဆောင်ရွက်လိုသည့် လုပ်ငန်းများ၏ မြေပြင်အခြေအနေအမှန်ကို သက်ဆိုင်ရာဒေသ အရောက် ကွင်းဆင်းဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ကွင်းဆင်းသည့်နေရာတွင်လည်း အခက်အခဲမရှိစေရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ် တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျစီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ခန့်မှန်းခြေ စာရင်းများနှင့် ပတ်သက်၍ ယခင်နှစ်များနည်းတူ မြို့နယ်အဆင့်မှ စနစ်တကျကွင်းဆင်း တိုင်းတာစစ်ဆေးတွက်ချက်ပြီးတော့ ခရိုင်/ပြည်နယ် တာဝန်ရှိသူများမှလည်း စိစစ်ထားပြီးဖြစ်သည့် စျေးနှုန်းမပါသည့် ခန့်မှန်းခြေတွက်ချက်မှုစာရင်းများကို ဖြန့်ဝေပေးသွားမှာဖြစ်ပြီး တင်ဒါဆွဲမည့်သူများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဒေသပေါက်စျေးနှုန်းများကို မှန်ကန်စွာထည့်သွင်းတွက်ချက်တင်ပြပေးရန် လိုအပ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ တင်ဒါခေါ်ယူ ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း၊အရှေ့ပိုင်း)မှ ပြည်နယ်ဦးစီးမှူးများမှ တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကုမ္ပဏီများမှ သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 88 guests and no members online

Latest Updates