We have 86 guests and no members online

တောင်ကြီး သြဂုတ်   −   ၅

new 552

၂၀၁၉ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဗဟိုအဆင့် ဖွင့်ပွဲကို သြဂုတ်(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့်အစာစားသုံးမှုအခြေအနေလေ့လာရေး စစ်တမ်း(၂၀၁၇−၂၀၁၈)အရ ရှမ်းပြည်နယ်ရှိ အသက်(၅)နှစ်အောက်ကလေးများ၏ သုံးပုံတစ်ပုံနီးပါးသည် သွေးအားနည်းရောဂါ(၂၇%)နှင့် ကာလတာရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်း(၃၀%)တို့ကို ခံစားနေကြသည်ကို သိရပါကြောင်း၊ ရှမ်းပြည်နယ်မှာရှိသည့် ကလေးများ၏ အာဟာရအခြေအနေ တိုးတက်လာအောင် ဝိုင်းဝန်းအားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ ဗဟိုအဆင့်မှဦးဆောင်၍ အာဟာရဖွံ့ဖြိုးရေးလူထုလှုပ်ရှားမှုများဆောင်ရွက်ကြရာတွင် ပြည်နယ်အစိုးရအနေဖြင့် မိမိတို့တတ်အားသရွေ့ ပံ့ပိုးဆောင်ရွက် သွားမှာဖြစ်ပြီး၊ ပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ဒေသအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ လှုပ်ရှားမှုများပံ့ပိုးဆောင်ရွက်သွားကြရန်နှင့် ပြည်နယ်အတွင်း အာဟာရပြည့်ဝကျန်းမာပြီး၊ ဉာဏ်ရည်ထက်မြက်သော နိုင်ငံ သားကောင်းလေးများ ပေါ်ထွန်းလာစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများမှ အာဟာရဖွံ့ဖြိုးရေးသီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost မှနှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘာ့ကုလသမ္မဂကလေးများရံပုံငွေအဖွဲ့ Ms. June Kunuki မှနှုတ်ခွန်းဆက်စကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က (၅)နှစ်အောက်ကလေး များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင်အရွယ်ကျောင်းသူများအား သံဓာတ်ဆေးပြားများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးများတိုက်ကျွေးခြင်း၊ အိုင်အိုဒင်းဆားနှင့် အားဖြည့်ဆန်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ကာ ခန်းမအတွင်းနှင့် အပြင်ဘက်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943