We have 404 guests and no members online

တောင်ကြီး သြဂုတ်   −   ၅

new 554

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော အုပ်ချူပ်သူ၊ နည်းပြ၊ အားကစားများကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ပွဲကို ဩဂုတ်(၄)ရက် ည(၇)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ Treasure Palace Hotel ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဆုဖလားကို လက်ခံရယူကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ပြိုင်ပွဲတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါဂုဏ်ပြုပွဲတွင် ဂျူဒိုအသင်းအတွက် ချီးမြှင့်ငွေ(၂၁)သိန်း၊ တိုက်ကွမ်ဒိုအသင်းအတွက် ချီးမြှင့်ငွေ(၁၅)သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ပြီး၊ အုပ်ချုပ်သူ၊ နည်းပြများနှင် ပြိုင်ပွဲအားကစား သမားများနှင့် ဂုဏ်ပြုညစာအတူသုံးဆောင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အနေဖြင့် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ရွှေ(၅)၊ ငွေ(၁)၊ ကြေး(၂)ရရှိကာ တံခွန်စိုက်ဖလားတို့ကို ရှမ်းပြည်နယ်အတွက် ရရှိအောင်ဆွတ်ခူးပေးခဲ့သော သေနတ်ပစ်ပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာ၊ စားပွဲကိုလည်း ကျင်းပပေးခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)