We have 75 guests and no members online

တောင်ကြီး သြဂုတ်   −    ၂

new 555

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ်(၁)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းမှ တောင်ကြီးတက္ကသိုလ်ကျောင်းရှေ့လမ်းနှင့် အနောက်မြို့ပတ်လမ်းထိ ACလမ်း(၄၈−၆၀)ပေ၊ လမ်းတိုးချဲ့ ပြုပြင်နေမှုနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ရှောင်လမ်း ဖောက်လုပ်မည့် လင်ကွင်းရှာမှ ထီရီး(မွေးမြူရေးဇုန်) ၂/၀မိုင် မြေသားလမ်း၊ ဝဿာန်အားမာန်ကုမ္ပဏီမှလည်းကောင်း၊ လင်ကွင်း−လင်ငယ်လမ်းဆုံမှ လင်ကွင်းရွာ ၂/၀မိုင် မြေသားလမ်း၊ လင်ကွင်းရွာမှ ထီရီး(မွေးမြူရေးဇုန်) ၀/၆မိုင် မြေသားလမ်း တို့ကို DHK Co,Ltd တို့မှ တာဝန်ယူဆောင်ရွက်ပြီး၊ ညိုမီးရွာအဝင်လမ်းဆုံမှ (၄)မိုင်ကွေ့ထိ ၄/၆မိုင် မြေသားလမ်း၊ လင်ကွင်း− လင်ငယ်လမ်းဆုံမှ ညိုမီးရွာအဝင်လမ်းဆုံ ၂/၀မိုင် မြေသားလမ်း၊ ပြည်နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းအကျယ်မှာ ၆၀−၁၀၀ပေအထိနှင့် ကုန်ကျမှုကျပ်သန်း(၂၃၈.၉၄)ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943