We have 115 guests and no members online

တောင်ကြီး ဇူလိုင်   −   ၃၁

new 556

လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း ပြည်နယ်အဆင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ် (ဒုတိယ)အဆင့်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် (၃၁) မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းပြီး လွန်စွာအရေးကြီး သောအခြေခံလူဦးရေစာရင်း ကောက်ယူပြုစုခြင်းနှင့် လာမည့်၂၀၂၀ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကောက်ယူရရှိသော လူဦးရေစာရင်းမှ အသက်(၁၈)နှစ် ပြည့်ပြီးတဲ့မဲဆန္ဒရှင်များကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူ ပြုစုခြင်းလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုရေးနှစ်အဖြစ်သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းမဲစာရင်းတွင်ပါဝင်ခြင်းဖြင့် ၎င်းတို့ရဲ့ နိုင်ငံသား အခွင့်အရေး မဆုံးရုံးစေဖို့၊ မဲဆန္ဒရှင်စာရင်းကို တိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်ဖို့အတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲထားပြီး ၎င်း စီမံချက်ကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ ဌာန များအားလုံးက ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က လူမှုရေးစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဝင်းလွင်က ရှမ်းပြည်နယ်အတွင်း ဒေသအလိုက် လူဦးရေစာရင်းကောက်ယူ မည့်အချက်အလက်ဆိုင်ရာများကို Projectorဖြင့်ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့မှ ဒုတိယပြည်နယ်မှူးများ၊ ခရိုင်မှူးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက မိမိတို့ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များကိုအသီးသီးတင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တက်ရောက်လာကြ သည့် တာဝန်ရှိသူတို့က မိမိတို့ဒေသများတွင် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943