We have 198 guests and no members online

လားရှိုး ဇူလိုင်   -   ၃၀

new 558

လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ဇူလိုင်(၂၉)ရက် ညနေ(၄)နာရီအချိန်က လားရှိုးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းနှင့် တွဲဘက်ပြည်နယ်အဆင့် တာဝန်ရှိ လူကြီးမင်းများက ပြိုင်ပွဲမှ ဆုရရှိအသင်းများအား အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။

အမျိုးသမီး(3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရ မကွေးတိုင်းဒေသကြီး၊ အမျိုးသား (3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီး၊ တတိယဆုရ ကချင်ပြည်နယ် အသင်းတို့အား တစ်ဦးချင်းဆုဆွဲပြားနှင့် ဆုကြေးငွေအားလည်းကောင်း၊ အမျိုးသမီး(5on5) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ ရှမ်းပြည်နယ်အသင်း၊ တတိယဆုရ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲ တတိယဆုရ ကရင်ပြည်နယ်အသင်းတို့အား လည်းကောင်း၊ အမျိုးသား (5on5)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရ မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် ပူးတွဲတတိယဆုရ ကရင်ပြည်နယ် အသင်းတို့အားလည်းကောင်း၊ အမျိုးသမီးအထူးချွန်ဆုံး အားကစားသမားဆုအား စစ်ကိုင်းတိုင်းဒေသကြီးမှ ကျောနံပတ်(၁၆) မအိအိထွန်း၊ အမျိုးသားအထူးချွန်ဆုံး အားကစားသမား ဆုအား ရှမ်းပြည်နယ်မှ ကျောနံပတ်(၁၀) မောင်အောင်မြင့်ကလည်းကောင်း၊ အတိုးတက်ဆုံး အမျိုးသား၊ အမျိုးသမီး အားကစားအသင်း ဆုဖလားအား ကရင်ပြည်နယ်ကလည်းကောင်း၊ တံခွန်စိုက်ဖလားများ ချီးမြှင့်ရာ၌ အမျိုးသမီး(3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထဆုရရှိသော ပဲခူးတိုင်းဒေသကြီး၊ အမျိုးသား (3on3)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်၊ အမျိုးသမီး(5on5) အသင်းလိုက်ပြိုင်ပွဲမှ စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား(5on5)အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားများကို ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

အမျိုးသား၊ အမျိုးသမီး(3on3) အသင်းလိုက်ပြိုင်ပွဲ၌ ပထမဆုကျပ်(၂)သိန်း၊ ဒုတိယဆုကျပ်(၁)သိန်း ခွဲ၊ တတိယဆု ကျပ်(၁)သိန်း၊ အမျိုးသား၊ အမျိုးသမီး (5on5)သင်းလိုက်ပြိုင်ပွဲ၌ ပထမဆုကျပ်(၁၀)သိန်း၊ ဒုတိယဆုကျပ် (၇)သိန်း၊ တတိယဆု ကျပ်(၅)သိန်းတို့နှင့်အတူ အထူးချွန်ဆုံးအားကစားသမားဆုကို ကျပ်(၁)သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှရသည်။

ဟန်ဌေး(လားရှိုး) ခရိုင်ပြန်/ဆက်