We have 150 guests and no members online

ကွမ်းလုံ ဇူလိုင် - ၂၉

new 565

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့တွင် အဌမအကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီတွင် ကွမ်းလုံမြို့၊ သာသနာ့အလင်းရောင် တံတားဦးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ တက်ရောက်လာသော ဧည့်ပရိတ်သတ် များက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် ဦးဉာဏိကထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူခြင်း၊ စေတနာရှင်အလှူရှင်များမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ပြီး၊ လှူဒါန်းမှုအစုစုအတွက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် ဦးဉာဏိကထံမှ အနုမောဓနာတရားတော်နှင့် ရေစက်ချတရားနာယူပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ စုစုပေါင်းအင်အား(၂၅၀) ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။

အစရ(ရှမ်း)