We have 547 guests and no members online

တောင်ကြီး ဇူလိုင်   −   ၂၃

new 586

၂၀၁၉ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားနှင့် လူထုလှုပ်ရှားမှုများဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၂၃)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အစည်းအဝေးကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း(ပြည်သူ့ကျန်းမာ) ကရှင်းလင်းပြောကြားပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အစီအစဉ်များကို ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင် (တာဝန်/ အာဟာရ) မှရှင်းလင်းတင်ပြရာ အာဟာရဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးကဏ္ဍအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ လူမှု ကာကွယ်စောင့်ရှောက်ရေး စသည့်ဆက်စပ်ကဏ္ဍများမှ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း အာဟာရ ဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ကြောင်းရှင်းလင်းသွားသည်။

ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို ဒေါက်တာမြင့်မြင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်(အာဟာရ)မှ တင်ပြွပီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း(ပြည်သူ့ကျန်းမာ)ကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943