We have 78 guests and no members online

တောင်ကြီး ဇူလိုင်   −   ၃

new 621

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဦး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့နှင့်အတူ ဇူလိုင်(၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ UNOCHAမှ Ms. Marie Spaak အဖွဲ့နှင့် တွေ့ဆုံ ကြောင်းသိရသည်။

ထို့သို့တွေ့ဆုံရာတွင် Ms. Marie Spaakမှ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းအခြေအနေအမြင်များအား ဖလှယ်ရန်နှင့် ရှမ်းပြည်နယ်၌ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်အတွက် ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ၂၀၀၈ခုနှစ် နာကစ် မုန်တိုင်းစတင်ချိန်က ရောက်ရှိနေပြီဖြစ်ပြီး UNOCHA အဖွဲ့သည် INGO၊ အစိုးရဌာနများတွင် အရေးပေါ်များဖွင့်လှစ်လျက် ရှိကြောင်း၊ ယခုသဘာဝအရေးပေါ်ပြဿနာများဖြေရှင်းရာတွင် ပူးပေါင်းမှုမရှိပါက ထိရောက်မှုမရှိနိုင်ကြောင်းနှင့် ယခုဆိုလျှင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာအတွင်းရှိအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လူသားချင်းစာနာစိတ် ဖြင့်ဆောင်ရွက်ပေးလျက်ရှိကာ ယခင်ကရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေး သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ Ms. Marie Spaak အဖွဲ့မှ အခုလိုလာရောက်တွေ့ဆုံ သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမဆို တစ်သင်းတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်ပါက ထိရောက်မှု မရှိနိုင်သည်ကို သိရှိရသဖြင့် ယခုလို UNOCHAမှ လာရောက်ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း လူသားချင်းစာနာထောက်ထားခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943