We have 100 guests and no members online

ကလော ဇွန် - ၈

new 676

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူများသည် ဇွန်(၈)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်ရှိ ရှမ်းရိုးမဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ရောက်ရှိပြီး ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်းသိရသည်။ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာနာယကဒေါ်နန်းရွှေမြင့်နှင့် တာဝန် ရှိသူများက ရှမ်းရိုးမဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရှိ ဝန်ထမ်းမိသားစုများအား အာဟာရစားဖွယ်ရာမုန့်နှင့် ကလေး အဝတ်အစားများ၊ ကျောင်းသုံးပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ရှမ်းရိုးမဆင်စခန်းအတွင်း ဆင်စာများကျွေးခြင်း၊ ဆင်စခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းရိုးမဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအတွက် အလှူငွေကျပ်(၁၀)သိန်းကို ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတာဝန်ခံ ဦးစိုင်းသန်းနိုင်ထံ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943