ရှမ်းပြည်နယ်သတင်းများ

ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်

တောင်ကြီး   ဒီဇင်ဘာ  ၃၀

 

013

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၃ ခုနှစ်ကမ္ဘောဇတံခွန်စိုက် ဂေါက်သီးရိုက် ပြိုင်ပွဲ ဆုချီးမြင့်ပွဲကို ဒီဇင်ဘာ(၃၀)ရက်ည (၆)နာရီက တောင်ကြီးမြို့ အေးသာယာဂေါက်ကလပ်၌ ကျင်းပ ရာ ပထမဦးစွာ ဂါရဝလက်ဆောင်များနေရာအရောက်ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ ကမ္ဘောဇ တံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် နှင့် ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းတို့ကို ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဧည့်သည်တော်များကို ဆုချီးမြှင့်ရာ ပထမ၊ဒုတိယ၊တတိယ၊စတုတ္ထ၊ပဉ်စမ ဆုရရှိသော ဧည့်သည်တော်ဂေါက်ရိုက်အဖွဲ့နှင့် အဝေးဆုံးရိုက်ချက်၊အနီးဆုံးရိုက်ချက်၊Par အများဆုံးဆု၊ဘာဒီအများဆုံး တို့ကို ဒေါက်တာမျိုးထွန်းမှလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းဆုများကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးစိုင်းနော်ခမ်းမှလည်းကောင်း၊ တစ်ဦးချင်းအကျောမဲ့ဆုများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်မှလည်းကောင်း၊ တစ်ဦးချင်းအကျောပေးဆု များကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှလည်းကောင်း၊ အသင်းလိုက်အကျောပေး ဒုတိယဆုရ အေးသာယာအသင်းနှင့် တတိယဆုရရှိသော မိုင်းဆတ်(ခ) အသင်းများကို ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှလည်းကောင်း၊ အသင်းလိုက်အကောင်းဆုံးပထမဆုရရှိ သော အသင်းအားဒိုင်းဆုနှင့်တကွ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းတို့က အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။

 

ထို့နောက် အသင်းလိုက် အကျောမဲ့ဒုတိယ တောင်ကြီး(ဂ)အသင်းနှင့်တတိယဆုရရှိသော တာချီလိတ်အသင်းများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှလည်းကောင်း၊ အသင်းလိုက်အကျောမဲ့ ပထမဆုရရှိသော တောင်ကြီး(က)အသင်းအား တံခွန်စိုက်ဖလားနှင့်တကွ ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲဦးစီးကော်မတီနာယက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်က အသီးသီးဆုများချီးမြှင့်ပေးကြသည်။

 

၎င်းနောက် Hole In One ရိုက်ချက်ဖြင့်ဝင်ရောက်ခြင်း မရှိသောဂေါက်သမားများကို အသင်းလိုက် ကံစမ်းမဲဂေါက်ဆက်(၁)စုံကို မဲဖောက်ပေးရာ သီပေါဂေါက်အသင်းမှ ကံထူးစွာမဲပေါက်ပြီး ဖျော်ဖြေရေးအဖွဲ့ ကို ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကိုယ်စား အလှူငွေကျပ်(၂၅)သိန်းကို တာဝန်ရှိသူမှ ပေးအပ်ရာ ဖျော်ဖြေရေးအဖွဲ့တာဝန်ရှိသူမှလက်ခံရယူခဲ့ကြောင်းသိရသည်။

 

အဆိုပါ အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၁၃ခုနှစ် ကမ္ဘောဇတံခွန်စိုက်ဒိုင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲသို့ ကမ္ဘောဇတံခွန်စိုက်ဂေါက်သီးရိုက်ပြိုင်ပွဲ ဦးစီးကော်မတီနာယက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးထွဋ်၊ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အသင်း(၄၂)သင်းမှ အသင်းဝင်များ နှင့် ဖိတ်ကြား ထားသည့်ဧည့်သည်တော်များတက်ရောက်ကြကြောင်းသတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 108 guests and no members online

Latest Updates