We have 78 guests and no members online

တောင်ကြီး မေ − ၈

new 729

၂၀၁၉ခုနှစ်၊ အသက်(၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းသည့် အစည်းအဝးကို မေ(၈)ရက် မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် ရှမ်းပြည်နယ်ရှိပြည်သူများ ဘော်လီဘော အားကစားနည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်စားပြီး ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် မြန်မာ့လက်ရွေးစင်အားကစားသမား အင်အားဖြည့်တင်းနိုင်ရန် ရှမ်းပြည်နယ်ရှိပရိတ်သတ်များ မိမိဒေသတွင် တိုင်းဒေသကြီး ပြည်နယ် အားကစားပွဲများကို ကြည့်ရှုအားပေးနိုင်ရန် ပြောကြားသွားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ပြိုင်ပွဲနှင့်ပက်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီ(၁၀)ခုဖြစ်သည့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားနှင့် ကွင်း/ရုံပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ခုံသမာဓိလုပ်ငန်း ကော်မတီ၊ ပြိုင်ပွဲစည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာ ချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ/အတွင်းရေးမှူးများမှ ဆွေးနွေးတင်ပြကြသည်။

ထို့နောက်တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

  09-250132943