တောင်ကြီး မေ - ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြို့တော်ခန်းမတွင် မေ ၈ ရက် နံနက် ၉ နာရီက Winner Economic Enterprise Services Co.,Ltd မှ ကုန်စည်ပြပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ Winner Economic Enterprise Services Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးညွှန့်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ပြသထားသော ကားအရောင်း ပြခန်း၊ တိုင်းရင်းဆေးဆိုင်နှင့် မော်ဒယ်ရှိုး၊ Dancer Show တို့ကို ကြည့်ရှုအားပေးကြသည်။ အဆိုပါကုန်စည်ပြပွဲတွင် ကုမ္ပဏီဆိုင်ခန်းပေါင်း (၃၀)နှင့် အခြားဆိုင်ခန်းပေါင်း (၂၀)၊ စုစုပေါင်းဆိုင်ခန်း (၅၀)ကျော် လာရောက်ပြသလျက် ရောင်းချလျက်ရှိသည်။ ကားအရောင်းပြခန်း၊ စားသောက်ကုန်၊ အိမ်သုံးကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ တိုင်းရင်း ဆေးဆိုင်၊ အလှကုန်၊ အဝတ်အထည်များအား နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီထိ ၅ ရက်တိုင်တိုင် ရောင်းချလျက် ရှိကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)
09250132943