We have 177 guests and no members online

တောင်ကြီး   မေ  - ၆

new 731

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စက်ဘီးစီး ဝါသနာရှင်များ ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်လှုပ်ရှားမှုအစီအစဉ်ဖြင့် စက်ဘီးစီးပြိုင်ပွဲကို မေလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး ရှေ့၌ကျင်းပခဲ့သည်။

စက်ဘီးစီးပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြိုင်ပွဲဝင် များနှင့် စက်ဘီးစီးဝါသနာရှင်များတို့က တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည်။

စက်ဘီးစီးပြိုင်ပွဲကို စဝ်စံထွန်းပြည်သူ့ဆေးရုံရှေ့မှစုရပ်ပြုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက စက်ဘီးစီးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ စတင် တာလွှတ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို စဝ်စံထွန်းပြည်သူ့ဆေးရုံမှ စတင်ထွက်ခွာပြီး၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်မှ တောင်ကြီး-ဟိုပုံးလမ်း၊ လွိုင်ခမ်းအိမ်ရာအထိ၊ လွိုင်ခမ်းအိမ်ရာရှေ့တွင် ပန်းဝင်၍ ပြိုင်ပွဲတွင်ဆုရရှိသောစက်ဘီးစီး အားကစားသမားများကို တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ရရှိသောပြိုင်ပွဲဝင် အားကစားသမားများကို အသီးသီးတစ်ဦးချင်းစီ ဆုတံဆိပ်နှင့်ငွေသားဆုများ ချီးမြှင့်ခဲ့ကြသည်။

စိုင်းသန်းကျော်(တောင်ကြီး)

၀၉ -၃၆၀၈၀၈၉၀