We have 283 guests and no members online

တောင်ကြီး မေ  - ၄

new 733

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ မေ ၄ ရက် ညနေ ၆ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲနှင့် ၂၀၁၉ခုနှစ် အင်းလေး-ခေါင်တိုင် လူရည်ချွန်စခန်း သိမ်းပွဲ အခမ်းအနားကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ယနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ထူးချွန်ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ပါး ရွှင်လန်း၍ မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေလို့ ဆုမွန်ချွေအပ်ပါကြောင်း၊ တောင်ကြီးမြို့၊ အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာ နဝမတန်း လူရည်ချွန်ကောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုနိုင်ရေး နှင့် စခန်းသိမ်းပွဲအတွက် ဝိုင်းဝန်းကူညီပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ် အင်းလေး ခေါင်တိုင် လူရည်ချွန်စခန်းကို လာရောက်ကြတဲ့ လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်ဆရာ/ ဆရာမ များကို ကြိုဆိုခြင်းမှ အစပြု၍ ယနေ့ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲတိုင်အောင် ကြားကာလရဲ့ လုပ်ငန်းအသီးသီးမှာ စေတနာထားပြီး ပြည့်စုံ အောင်ဆောင်ရွက်ပေးခဲ့ကြတဲ့ တာဝန်ရှိသူအားလုံးကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း လေ့လာရေးခရီးစဉ်များက ရရှိထားသည့် ဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာ သုံးသပ်ပြီး မိမိတို့အတွက်၊ မိမိပတ်ဝန်းကျင်းအတွက် ပြန်လည်အသုံးချနိုင်ကြရန်နှင့် မနက်ဖြန်နေရပ်သို့ ပြန်မည့်ခရီးစဉ်များလည်း ချောမွေ့နိုင်ကြပြီး၊ မိမိတို့ရပ်ရွာဒေသ၊ မြို့နယ်၏ အားကိုးအားထားပြုထိုက်သော ခေါင်းဆောင်ကောင်းများဖြစ်လာနိုင်ကြရန် ဆန္ဒပြုပြောကြားသွားသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင် ပေးအပ်ပြီး ဆုချီးမြှင့်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မှတ်သားမှုစွမ်းရည်ပြိုင်ပွဲဆု၊ ဒေသန္တရဗဟုသုတပြောမှု စွမ်းရည်ပြိုင်ပွဲဆု တို့မှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ အသီးသီးဆုချီးမြှင့်ပေးကြပြီး၊ လူရည်ချွန်မောင်မယ်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အထက်တန်းကျောင်းမှ နှစ်ထပ်ကွမ်း မောင်ခန့်ညားနန္ဒက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်မှ ၏လူရည်ချွန် မောင်မယ်များအား လိုက်လံနှုတ်ဆက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943