တောင်ကြီး မေ- ၃

new 735

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ မေ(၃)ရက်နံနက်(၁၁)နာရီက တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာ၊ ပေါ့မူဘုန်းကြီးကျောင်း၌ ဒေသခံပြည်သူများအား ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေး နေမှု့ကိုကွင်းဆင်း ကြည့်ရှုကြကြောင်းသိရသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နန်းဟူးကျေးရွာရှိ ဒေသခံပအိုဝ်းတိုင်းရင်းသားတိုင်းရင်းသူများအားနိုင်ငံစိစစ်ရေးကဒ်များ၊ မြေပုံစံ(၇)များ၊ ကျန်းမားရေး စောင့်ရှောက် ပေးနေမှု၊ တိုင်းရင်းဆေးကုသပေးနေမှု၊ ကျွဲနွားများအားဆေးကုသနေမှု၊ တို့ကိုကြည့်ရှုကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နန်းဟူးကျေးရွာ ဒေသခံပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်အသီးသီးမှတာဝန်ရှိသူများက နိုင်ငံရေးစိစစ်ရေးကဒ်များ ပေးအပ်ကြကြောင်းသိရသည်။

အဆိုပါနန်းဟူးကျေးရွာတွင်အိမ်ခြေ( ၁၄၀၀ )လူဦးရေ( ၇၀၀၀ )ဒေသခံ ပြည်သူူများကိုအချိန်နှင့် တပြေးညီဌာနပေါင်းစုံမှာလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်သူများကလည်း ဝမ်းသာပီတိဖြစ်ကြောင်းသိရှိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသခံပြည်သူများအား ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေး နေမှု့ကိုကွင်းဆင်း ကြည့်ရှုကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943