ရှမ်းပြည်နယ်သတင်းများ

ပညာရေးကဏ္ဍမြင့်မားရေးအတွက် မြို့နယ်ပညာရေးမှူးများနှင့် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီများသို့ ပေါင်းစပ်ညှိနှိုင်း တာဝန်ပေးအပ်ခြင်း ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၁၁

 

031

 

   ရှမ်းပြည်နယ် ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မြို့နယ်ပညာရေးမှူးများနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြုကော်မတီများသို့ ပေါင်းစပ်ညှိနှိုင်း တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ(၁၁)ရက် နေ့လည် (၁၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ အမှာစကားရာတွင် “ပညာရေး ကဏ္ဍမြှင့်တင်ရေးအတွက် ပညာရေးအရည်အသွေးလေ့လာစမ်းသပ်ချက်များနှင့် ကျောင်းတွင်းကျောင်းပြင် ပညာရေးကဏ္ဍစစ်ဆေးချက်များ ပေါင်းစည်းဆောင်ရွက်မှုများကို အခြေခံပြီး၊ ပညာရေးသင်ရိုးညွှန်းတမ်း ဆိုင်ရာ နိမ့်ကျမှုမရှိစေရန် မိဘ၊ဆရာ၊ကျောင်းသား/ကျောင်းသူများ ပေါင်းစည်းဆောင်ရွက်နိုင် မှသာလျှင် ကောင်းမွန်နိုင်မည်ဖြစ်ကြောင်း၊ မူကြိုမှမူလတန်းအထိ ဆရာ၊မိဘများမှ ပညာရေးအတွက် စမ်းစစ်မှုများ လိုအပ်မည်ဖြစ်ပြီး၊ ဆရာ/ဆရာမများ အနေဖြင့်လဲ သင်ကြားမှုပိုင်းတွင် သင်ရိုးညွန်းတန်းများအား ကျေညှက်စွာ သင်ကြားပေးနိုင်ပါရန်နှင့် နိုင်ငံတော်အနေဖြင့် မူလတန်းကျောင်းသား/ကျောင်းသူများအား အခမဲ့ သင်ကြား ပေးနိုင်ရန်ညွှန်ကြားထားပြီး၊ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိဘ၊ဆရာ၊ကျောင်းသား/ ကျောင်းသူများ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ြမို့နယ်အထောက်အကူပြု ကော်မတီဝင်များ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း” ပြောကြားသွားသည်။

 

   ထို့နောက် ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးရေးနှင့် မူကြိုပညာကဏ္ဍတွင် ဆရာ၊ မိဘ၊ ကျောင်းသားနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးအတွက် အထက်မြန်မာပြည်(မန္တလေး) အမှတ်(၂)အခြေခံပညာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းနုမှ ရှင်းလင်းဆွေးနွေးတင်ပြသည်။ ဆက်လက်၍ အခြေခံပညာ ကဏ္ဍတွင် ဆရာ၊ မိဘ၊ ကျောင်းသားနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးခင်မောင်မြင့်မှ ရှင်းလင်းဆွေးနွေးတင်ပြသည်။

 

   ၎င်းနောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများမှ တင်ပြဆွေးနွေးရာ တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်/မြို့နယ်ခွဲများမှ အထောက်အကူပြုကော်မတီများ၊ လွိုင်လင်၊ ကွန်ဟိန်း၊ နမ့်စန်၊ လဲချား၊ မိုင်းကိုင်၊ မိုင်းရှူး၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ မိုးနဲတို့မှ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ်ပညာရေးမှူးများတို့၏ တင်ပြဆွေးနွေးကြမှုအပေါ် နိုင်ငံတော် သမ္မတရုံး၊ ဝန်ကြီးဌာန (၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အထက်မြန်မာပြည် (မန္တလေး) အမှတ်(၂)အခြေခံပညာဦးစီးဌာန ပညာရေးညွှန်ကြား ရေးမှူးချုပ် ဦးတင်မျိုးကြည် တို့မှ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရသည်။

 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းပြီးနောက် နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန (၅)၊ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့သည် အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်းသိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန (၅)၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ အထက်မြန်မာပြည် (မန္တလေး) အမှတ်(၂)အခြေခံပညာဦးစီးဌာနပညာရေး ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ မြို့နယ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ မြို့နယ် အထောက်အကူပြု ကော်မတီများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ ဆရာမများ နှင့် ဒေသခံတိုင်းရင်းသားမိဘ ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 126 guests and no members online