We have 305 guests and no members online

ညောင်ရွှေ မေ - ၁

new 738

၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို မေ ၁ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခေါင်တိုင်)၌ကျင်းပသည်။

၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပညာရေးဝန်ကြီး ဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် ရှမ်းပြည်နယ် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး၊ အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က ၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အေးချမ်းသာယာလှပသော ကျွန်တော်တို့၏ ကမ္ဘောဇမြေတောင်ပေါ်ဒေသတွင် လူရည်ချွန်စခန်းတစ်ခုဖွင့်လှစ်ပေးခဲ့သည့် ပညာရေးဝန်ကြီးဌာနကို များစွာကျေးဇူးတင်ရှိ ပါကြောင်း၊ လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူဆရာ/ဆရာမများကိုလည်း ရှမ်းပြည်နယ်မှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရသစ်လက်ထက်တွင် ထူးချွန်ထက်မြက်သော လူရည်ချွန်မောင်မယ်များကို ဂုဏ်ပြုရန် လက်ခံဆောင်ရွက်ခွင့် ရရှိခဲ့မှုသည် လေးကြိမ်ရှိခဲ့ပြီးဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို လာရောက်ကာ ဗဟုသုတရှာမှီးကြရင်း ဒေသခံတိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများ၏ စီးပွားရေး၊ လူမှုရေး၊ ရိုးရာဓလေ့ထုံးစံများနှင့်တကွ ကမ္ဘောဇဒေသ သဘာဝအလှတရားများကိုလည်း လူရည်ချွန်မောင်မယ်များ အနေနှင့် လေ့လာကြည့်ရှုခံစားခွင့်များ ရရှိနိုင်မှာဖြစ်ကြောင်း၊ လူရည်ချွန်တစ်ကြိမ်ဖြစ်ခဲ့ဖူးလျှင် ထာဝရလူရည်ချွန်ဖြစ်နေ ပါသည်ဟူသော လူရည်ချွန်ခံယူချက်စိတ်နေစိတ်ထားများကို ထာဝရထိန်းသိမ်းထားကြပြီး နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ ဘာသာ၊ သာသနာ၊ ပညာအကျိုးတို့ကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ဝီရိယစွမ်းအားရှိသမျှ သယ်ပိုးထမ်းဆောင်ကြရန် တိုက်တွန်း ပြေားကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူရည်ချွန်ကျောင်းသားများကိုယ်စား ကျောင်းသားတစ်ဦး အား ရင်ထိုးတံဆိပ်ပေးအပ်၍လည်းကောင်း၊ ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊ ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ လူရည်ချွန်ကျောင်းသား/သူများကိုယ်စား လူရည်ချွန်မောင်မယ် ၅ ဦး အား ရင်ထိုးတံဆိပ်များ အသီးသီးပေးအပ်ခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ရှမ်းပြည်နယ် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး ဦးဝင်းမောင်နှင့် လူရည်ချွန် ၁၉၆၄-၈၈ အဖွဲ့က လက်ဆောင်ပစ္စည်းများကို နေရာ အရောက်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943