We have 290 guests and no members online

တောင်ကြီး ဧပြီ- ၂၉

new 740

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ တိုင်းရင်းသားဘာသာ စကား စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့် အမှာစကားပြောကြားပြီး တိုင်းရင်းသားဘာသာစကားစွမ်းရည်ပြိုင်ပွဲ ဆုရသူများ၏ အမည်စာရင်း ကြေငြာ ခြင်းနှင့် ဆုချီးမြှင့်ခြင်း ကျင်းပရာ ရှမ်းဘာသာနှင့် ပအိုဝ်းဘာသာရပ် Grade – 3 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ Grade – 2 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူသူက လည်းကောင်း၊ Grade – 1 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးစိုင်းဖုန်းကျော်တို့က လည်းကောင်း အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် Grade – 1၊ Grade – 2၊ Grade – 3 တွင် ဖြေဆိုသူများကို ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဌ ဦးစိုင်းမောင်တင်နှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌတို့က လက်ဆောင်ပစ္စည်း ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943a