We have 52 guests and no members online

တောင်ကြီး  ဧပြီ - ၁၈

new 747

ရှမ်းပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ မြန်မာနှစ်သစ်ကူးအလှူကိုပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ဘန်းကန်စိုက်မျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ ဧပြီ(၁၇)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များသွားရောက်လှူဒါန်းပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနှစ်သစ်ကူးစကားပြောကြားရာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင်များ မိတ်ဆွေတို့ထံလာရောက်ခြင်းသည် စားသောက် နေထိုင်ရေးတွင်အခက်အခဲရှိနေသည့် မိတ်ဆွေတို့ကို တတ်နိုင်သမျှကူညီဖြည့်ဆည်းလှူဒါန်းပေးမယ်ဆိုသည့် စေတနာဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ အလုပ် မှား၊ အပြောမှား၊ အတွေးမှား၊ အကြံမှား၊ အနေမှားစသဖြင့်တစ်ခုခုသော အမှားတို့ကို မိတ်ဆွေတို့ပြုမိသည့်အတွက် ထိုက်သင့်သောပြစ်ဒဏ်များကိုတရားရုံးက စီရင်ချမှတ်ခဲ့ပြီး ထောင်နှင့်စခန်းအသီးသီးတွင် ဒီပြစ်ဒဏ်များကိုမိတ်ဆွေတို့ပေးဆပ်လျက်ရှိပြီး ပြစ်ဒဏ်ခံအကျဉ်းသားတွေသည်နိုင်ငံသားများဖြစ်၍ ပြစ်ဒဏ်ကာလ ပြီးဆုံးသည့်အခါ လူမှု့ပတ်ဝန်းကျင်တွင် ပြန်လည်နေထိုင်ရှင်သန်လှုပ်ရှားကြမည့်သူများဖြစ်သည့်အတွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက မိတ်ဆွေတို့အတွက်နေထိုင်ဝတ်စား စားသောက်ရေးတွင်အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးထားပါကြောင်း၊ ပြစ်ဒဏ် ကျခံခြင်းဆိုသည့်သဘောသဘာဝအရ နေရေးစားရေးတွင်အခက်ကြုံ နေရသည့်မိတ်ဆွေတို့ကို ဖြည့်ဆည်းလှူဒါန်း ပေးမှုသည်တစိတ်တပိုင်းတော့ အထောက်အပံ့ဖြစ်စေမည်ဟုယုံကြည်ပါကြောင်း၊ အကျိုးလိုလို့လှူတာမျိုး မဟုတ်ပေမယ့် မိတ်ဆွေများက သီလဂုဏ်၊ သမာဓိဂုဏ်မြင့်မားအောင်ကျင့်ကြံ နေထိုင်မည်ဆိုပါကလှူရသူအတွက်ကု သိုလ်ထူးပြီး စခန်းတွင်ရှိနေစဉ် စခန်းကချမှတ်သည့်စည်းကမ်း လိုက်နာမည်၊ ပေးသည့်တာဝန်ကျေအောင်ထမ်းဆောင်မည်၊ အသက်မွေး ပညာ ရသလောက်သင်ယူသွားမည်၊ ပြစ်ဒဏ်ကာလပြီးဆုံးလို့အိမ်ပြန်ရောက်သွားပါက တရားဥပဒေကိုလေးစာလိုက်နာ၍ ကောင်းရောင်းကောင်းဝယ်အသက်မွေးခြင်း၊ နိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်မည်ဆိုပါက မိတ်ဆွေတို့ဂုဏ်မြင့်မား နေပြီးလှူသူများ ကုသိုလ်အကျိုးထူးမည်ဖြစ်ကြောင်း၊ တစ်ကြိမ်တစ်ခါမှားခဲ့သည့်ပြစ်ဒဏ်ကို ပေးဆပ်ပြီးသည့်အခါထပ်မမှား ကြရန်နှင့်လူကောင်းသူကောင်းအဖြစ်နှင့် ဆက်လက်ရှင်သန်အသက်မွေးကြရန် ပြောကြားသွားကြောင်းသိရသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အကျဉ်းသား များအားစားသောက်စရာများ၊ ဆေးပစ္စည်းများ၊ ရေသုံးဆပ်ပြာ၊ ဘာလချောင်တို့ကိုပေးအပ်လှူဒါန်းပေးကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဘန်းကန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ ဆေးပစ္စည်းများ၊ စားစရာများလှူဒါန်းပေးကြရာ အကျဉ်းဦးစီးမှတာဝန်ရှိသူများက လက်ခံရယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူများကအကျဉ်းသားများ၊ အိပ်ဆောင်များမီးဖိုဆောင်များနှင့် အစားအသောကကျွေးမွေးမှု တို့ကိုလှည့်လည်ကြည့်ရှု ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943