We have 239 guests and no members online

မူဆယ် ဧပြီ - ၈

new 748

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည် တစ်ခွင် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲ ကို ဧပြီ ၇ ရက်က ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာ မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်တုရင်ပြိုင်ပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ စစ်တုရင်ကွက်အား စတင်ရွေ့၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် မြို့နယ် (၄၅)မြို့နယ်မှ အားကစားသမား (၂၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)