We have 114 guests and no members online

ကုန်းကြမ်း     မတ်-၇

new 782

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် ကုန်းကြမ်းမြို့ရှိရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ မတ်(၇)ရက်နံနက်(၉)နာရီက မြို့နယ်ထွေ/အုပ်ရုံး၌ တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကုန်းကြမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးမှ ဒေသဆိုင်အချက်အလက်များ ရှင်းလင်းတင်ပြပြီး ကုန်းကြမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ၂၀၁၈ခုနှစ်နောက်ပိုင်း ကုန်းကြမ်းမြို့ကို ရောက်ရှိလာသည့် အစိုးရအဖွဲ့ကို ကျေးဇူးတင်ရှိပါကြောင်း ကုန်းကြမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ရာတွင် ခက်ခဲမှုရှိပါကြောင်း၊ ကိုးကန့်လူမျိုးများ အရောင်ဆိုးခံရမည်ကို စိုးရိမ်မိပါကြောင်း မှတ်ပုံတင်ပြုလုပ်ရာတွင် အခြားတိုင်းရင်းသားများထက် မိမိတို့ ပိုမိုခက်ခဲပါကြောင်း ကိုးကန့်ဒေသ လူမှုစီးပွားရေးနှင့် တိုင်းရင်းသားအချင်း ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း တိုက်ပွဲကြောင့်ဖုန်ကန်ဒေသတွင် ပြည်သူများ၏စီးပွားရေးများ ထိခိုက်ရပါကြောင်း ဘဏ္ဍငွေနည်းပါးသောကြောင့် အခြေခံအဆောက်အဦနည်းပါးခြင်း လျှပ်စစ်မီးနှင့်ရေးမရရှိသေးသည်အတွက် ခက်ခဲပါကြောင်း လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် ထိခိုက်ပါကြောင်း ကျန်းမာရေးမကောင်းပါက လောက်ကိုင်သို့သွားရောက်ကုသနေရသဖြင့် ငွေများမလုံလောက်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် ပညာရေးကဏ္ဍတွင်မလုံလောက်သည့်အပြင် ဆရာမအတွက် ဝန်ထမ်းအိမ်ရာ မရှိသော ကြောင့် အများပြည်သူအိမ်တွင်နေရပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကုန်းကြမ်းမြို့နယ်ပညာရေး ကဏ္ဍကို ထောက်ပံစေလိုကြောင်း ကျောင်းနေအရွယ်ကလေးများကျောင်းနေနိုင်ရေးနှင့်အလုပ်အကိုင်မရှိသေးသူ များ အလုပ်အကိုင်ရရှိနိုင်ရန် တင်ပြဆွေးနွေးသွားကြောင်းသိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကုန်းကြမ်းဒေသခံပြည်သူများ ဒေသလိုအပ်ချက် တင်ပြမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်တို့မှပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့ကလုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးကြကြောင်းသိရသည်။

ယင်းနောက်ကွင်းဆင်းဆောင်ရွက်မှု အချို့ပြုလုပ်ပေးသောနိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် တို့ကပေးအပ်ရာ ကိုးကန့်တိုင်းသားများ၊ ပလောင်တိုင်းရင်းသား/သူများက လက်ခံရရာယူကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောကျောင်းသုံးဗလာစာအုပ်၊ အားကစားပစ္စည်းနှင့် ကုန်းကြမ်းရှိ ဝန်ထမ်းများအတွက်အာဟာရပြည့် စားသောက်စရာများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး တို့ကအသီးသီးပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943