ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးတက္ကသိုလ်(၂၂)ကြိမ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တောင်ကြီး သြဂုတ် - ၁၇

626

   ရှမ်းပြည်နယ်တောင်ကြီးတက္ကသိုလ်(၂၂)ကြိမ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ကို သြဂုတ် ၁၅ရက်နေ့နံနက်(၈)နာရီခွဲက တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ် စာရင်းစစ်ချုပ် ဦးသိန်းမြင့်၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးခင်မောင်ဌေးနှင့် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရှိရသည်။

   အခမ်းအနားတွင် တိုင်းရင်းသားမောင်မယ်များခြံရံလျက်''စည်းလုံးခြင်းသည်အင်အား'' သီချင်းဖြင့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူလေးများက သီဆိုကပြဖျော်ဖြေကြပြီး၊ တောင်ကြီး တက္ကသိုလ်တွင် ဘက်စုံထူးချွန်ကြသော ဆရာ/ဆရာမဝန်ထမ်းနှင့် ကျောင်းသားတို့ကို လည်းကောင်း၊ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော တက္ကသိုလ်ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ သား/သမီးများကိုလည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ကြကြောင်းသိရသည်။ ဆက်လက်၍'' စိမ်းလန်းစိုပြေတက္ကသိုလ်မြေဘက်စုံပညာညွန့်ဖူးဝေ'' ဟူသော ဦးတည်ချက်ဖြင့် အထူးပြုဘာသာရပ်ပေါင်းစုံပါသော သုတေသနစာတမ်းဖတ်ပွဲကိုလည်း ကျင်းပကြောင်းသိရသည်။

   ဒုတိယနေ့တွင် တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမ၌ ကာယကြံ့ခိုင်မှုအားကစား ပြိင်ပွဲအဖြစ် အမျိုးသားကာယဗလမောင်ပြိုင်ပွဲနှင့် အမျိုးသမီးကာယအလှမယ်ပြိုင်ပွဲများ ကျင်းပ၍ တတိယနေ့ တွင် တောင်ကြီးတက္ကသိုလ်ဘာသာရပ်ဌာနများ၊ ရုံးဌာနများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ ဖွင့်လှစ်ရောင်းချသော စျေးရောင်းပွဲတော်ကိုလည်း တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ စျေးဆိုင်များသို့ လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

   ထို့နောက် တောင်ကြီးတက္ကသိုလ်ကျောင်းသူလေးများ၏ ''ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲ'' ကိုဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့်ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်အားပေးကြကြောင်း သိရှိရသည်။

   အဆိုပါတောင်ကြီး တက္ကသိုလ်(၂၂)ကြိမ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပွဲများ ကို(၁၅-၈-၂၀၁၄)ထိ (၃)ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 104 guests and no members online