ရှမ်းပြည်နယ်သတင်းများ

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အထိမ်းအမှတ်ကျင်းပ

တောင်ကြီး စက်တင်ဘာ - ၁၃

647

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ(၁၃)ရက် နံနက်(၉) နာရီက ရှမ်းပြည်နယ်တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

''လူသားအချင်းချင်းစာနာလို့၊ လူကုန်ကူးမှုတိုက်ဖျက်စို့'' ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ ပထမ(၅)နှစ် စီမံကိန်းကို (၂၀၀၇-၂၀၁၁)ထိလည်းကောင်း၊ ဒုတိယ(၅)နှစ်စီမံကိန်းကို (၂၀၁၂-၂၀၁၆)ခုနှစ် ထိလည်းကောင်း၊ ရေးဆွဲဆောင်ရွက်လျှက်ရှိပါကြောင်း၊ နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲရာတွင် နိုင်ငံတကာ စံနှုန်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်တားဆီး ကာကွယ်ရေး၊ တရားဆွဲဆိုရေး၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး၊ စွမ်းရည်မြှင့်တင်ရေးစသည့် ကဏ္ဍ(၅)ရပ်နှင့် လုပ်ငန်းများဆောင်ရွက်လျှက် ရှိကြောင်း၊ ဌာနဆိုင်ရာများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် မီဒီယာများကပါ လူကုန်ကူးခံ ရသူအပေါ် စာနာစိတ်ထားပြီး၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားတွင် ပြောကြား သွားကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူးကြီး လှိုင်တင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်နှင့် ရှမ်းပြည်နယ် အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်များအား Projector ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက်မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်မှုများအား ဗီဒီယိုခွေများ ပြသပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက် များ မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှု့ လေ့လာ အားပေးခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဌ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အရှေ့ပိုင်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ကျောင်းသား/ သူများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်းသိရသည်။

 

                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 128 guests and no members online