တောင်ကြီး ဒီဇင်ဘာ -၂၈
Covid-19 ကပ်ရောဂါ ခံစားနေကြရသည့် မြန်မာနိုင်ငံမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုရှိ ပြည်သူ(၆၀၂၇၂)ဦးအတွက် APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် (၆၀၀)တန်အား လှူဒါန်းပေးအပ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် (၅၄)တန်ကို ဒီဇင်ဘာ (၂၈)ရက် မွန်းတည့် ၁၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမတွင် လှူဒါန်းရာ ကိုရီးယားနိုင်ငံကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လှူဒါန်းပေးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်ဦးက လက်ခံရယူကြောင်း သိရသည်။
ကိုရီးယားနိုင်ငံမှ Covid-19 ကပ်ရောဂါ ခံစားနေရသော မြန်မာနိုင်ငံမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုကို ဆန်လှူဒါန်းမှုမှာ ကချင်ပြည်နယ်ရှိ ပြည်သူ (၄၈၆၆)ဦးအတွက် ဆန်တန်ချိန်(၄၈)တန်၊ ကယားပြည်နယ်ရှိ ပြည်သူ (၉၇၈)ဦးအတွက် ဆန်တန်ချိန်(၁၀)တန်၊ ကရင်ပြည်နယ်ရှိ ပြည်သူ (၅၂၇၂)ဦးအတွက် ဆန်တန်ချိန်(၅၃)တန်၊ ချင်းပြည်နယ်ရှိ ပြည်သူ (၇၅၄)ဦးအတွက် ဆန်တန်ချိန်(၈)တန်၊ စစ်ကိုင်းတိုင်းရှိ ပြည်သူ (၈၅၂၈)ဦးအတွက် ဆန်တန်ချိန်(၈၄)တန်၊ တနင်္သာရီတိုင်းရှိ ပြည်သူ (၂၄၃၀)ဦးအတွက် ဆန်တန်ချိန်(၂၄)တန်၊ မကွေးတိုင်းရှိ ပြည်သူ (၉၉၅၄)ဦးအတွက် ဆန်တန်ချိန်(၁၀၀)တန်၊ မွန်ပြည်နယ်ရှိ ပြည်သူ (၇၃၅၂)ဦးအတွက် ဆန်တန်ချိန်(၇၃)တန်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ (၅၃၉၈)ဦးအတွက် ဆန်တန်ချိန်(၅၄)တန်၊ ဧရာဝတီတိုင်းရှိ ပြည်သူ (၁၄၇၄၀)ဦးအတွက် ဆန်တန်ချိန်(၁၄၆)တန်၊ စုစုပေါင်း ပြည်သူ (၆၀၂၇၂)ဦးအတွက် ဆန်တန်ချိန် (၆၀၀)ကို လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943