ရှမ်းပြည်နယ်သတင်းများ

တန့်ယန်းမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် လင်းရွှေပြည်ကုမ္ပဏီလီမိတက် ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်ရေးဝန်ဆောင်မှုလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆို

တောင်ကြီး နိုဝင်ဘာ - ၁၃

747

   တန့်ယန်းမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် လင်းရွှေပြည် ကုမ္ပဏီလီမိတက် (လင်းရွှေပြည်ပုဂ္ဂလိက အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်း) တို့ အကြားချုပ်ဆိုသော တန့်ယန်မြို့ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာ သိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုပွဲ ကို နိုဝင်ဘာ(၁၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စည်ပင်သာယာရေး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ဦးစိုင်းလှဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လင်းရွှေပြည်အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တန့်ယန်းမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန် အမှိုက်သိမ်းဆည်းခြင်း၊ မိလ္လာသိမ်းဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည့်အတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၊ တန့်ယန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီကိုယ်စား တန့်ယန်းမြို့သူ၊ မြို့သားများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ကော်မတီ အပါအဝင် မြို့နယ်စည်ပင်သာယာရေးကော်မတီများအနေဖြင့် မြို့ရွာများ သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းများဆောင်ရွက်ပေးနေသည့် ကော်မတီများဖြစ်ကြောင်း၊ တန့်ယန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရရှိသည့် ကော်မတီရန်ပုံငွေ၊ ဝန်ထမ်းအင်းအား လုံလောက်မှုမရှိသည့်အတွက် တန့်ယန်းမြို့ အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်းကို ပြည့်ဝလုံလောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း၊ ယခုပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးသည့်အတွက် တန့်ယန်းမြို့ကို မြို့အင်္ဂါရပ်နှင့် အညီပိုမိုသန့်ရှင်းသာယာလှပလာမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် မြို့ပြဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျှက်ရှိ ကြောင်း၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေး ကို ထိခိုက်ယုတ်လျော့မှုမရှိအောင် အလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြို့တိုင်း၊ မြို့တိုင်းတွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းမရှိခဲ့၍ ပတ်ဝန်းကျင်း ထိန်းသိမ်းရေးကို ထိခိုက်လာမည်ဖြစ်ကြောင်း၊ မြို့တိုင်း၊ မြို့တိုင်း အမှိုက်သိမ်းဆည်းရေးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရမည့်ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်သည့် ဝန်ဆောင်မှုအဖွဲ့အနေဖြင့်၊ နှစ်စဉ်အမှိုက်များ ကုန်စင်အောင် သိမ်းဆည်းပေးရန်မှာကြားလိုကြောင်းပြောကြားသွားသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ တန့်ယန်းမြို့ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ တန့်ယန်းမြို့ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှု လုပ်ငန်းသဘောတူစာချုပ်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် အဖွဲ့များ၊ လင်းရွှေပြည်ကုမ္ပဏီလီမိတက် Director ဦးမျိုးအောင်နှင့် အသိသက်သေများမှ လက်မှတ်ရေးထိုးကြကြောင်း သိရသည်။

   ထို့နောက် လင်းရွှေပြည်ကုမ္ပဏီလီမိတက် Director ဦးမျိုးအောင်မှ လုပ်ငန်းသဘောတူစာချုပ် အောင်မြင်စွာ လက်မှတ်ရေးထိုး ပြီးစီးခြင်းအထိမ်းအမှတ်အဖြစ် ကတိကဝတ်နှင့် ကျေးဇူးတင်စကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးစိုင်းလှဝင်းမှ နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်စည်ပင်သာယာရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ လင်းရွှေပြည်ကုမ္ပဏီလီမိတက်နှင့် တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့များ တက်ရောက်ကြကြောင်းသိရှိရသည်။                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 179 guests and no members online