ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄)ကျင်းပ

တောင်ကြီး  နိုဝင်ဘာ  - ၁၃

746

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၄) အခမ်းအနားကို နိုဝင်ဘာ(၁၃)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားရာတွင် အစီရင်ခံစာအပိုင်း(၁)(၂)(၃)မှ(၇၄)မှု ဖြေရှင်းပေးပြီး၊ အပိုင်း(၅)မှ (၃၆၃)မှုဖြေရှင်းကာ အစီရင်ခံစာအပိုင်း(၆)တွင် (၆၂၇)ခုဖြေရှင်းပေးရန် ခရိုင်များကို တာဝန် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံရောက်ရှိလာသည့် အစီရင်ခံစာအပိုင်း(၇)တွင် (၂၅၉)မှုကိုလည်း တာဝန်ပေးအပ်ဖြေရှင်းတင်ပြ သွားမည်ဖြစ်ကြောင်း၊ မြေယာကိစ္စရပ်များဖြေရှင်းဆောင်ရွက်ရာတွင် မြေရာဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဖြေရှင်းဆောင်ရွက်ကြရန် ဦးစားပေးနှစ်အလိုက် ထားရှိပြီး၊ ဖြေရှင်းကြရန် မှာကြားခဲ့ပြီးဖြစ်ကြောင်း၊ မြေယာမှုများ ပြီးပြတ်စေရန် ခရိုင်/ မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများက ဆုံးဖြတ်ရုံသာမက ခရိုင်မြို့နယ်စီမံခန့်ခွဲရေး ကော်မတီများပါ ဆုံးဖြတ်ပေးရန် မှာကြားပြီးဖြစ်ကြောင်း၊ မြေယာကိစ္စများ ညှိနှိုင်းဆောင်ရွက်မှု လုပ်ငန်း မှတ်တမ်းထားရှိ ဆောင်ရွက်ကြရန်နှင့် ကော်မတီဝင်များ၊ တာဝန်ခွဲဝေဆောင်ရွက်ပေးကြရန်၊ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးကြရန် မှာကြားပြီးဖြစ်ကြောင်း၊ အစီရင်ခံစာအပိုင်း(၆)၊ အပိုင်း(၇)ကို ဇန်နဝါရီလအပြီး၊ စိစစ်ဖြေရှင်းနိုင်ရန်နှင့် ဝန်ကြီးဌာနက ဖြေရှင်းမှုကို စွန့်၊ မစွန့် အကြောင်းကြားရန်လည်း မြန်မြန်ဆန်ဆန် အကြောင်းပြန်ပေးနိုင် အောင် နိုးဆော်ပေးရန်၊ ပြည်နယ်အဆင့်ကော်မတီများကလည်း ကူညီပေးဖို့လိုအပ်ပါကြောင်း၊ အစီရင်ခံစာ ပါ အကြောင်းအရာတူ တိုင်စာများကို စိစစ်၍ ဖြေရှင်းပြီးမြေမှုများ တွေ့ရှိရမည်ဖြစ်ကြောင်း၊ အမှုများကို ပြန်လည်စိစစ်ရာတွင် အကြောင်းအရာတူတိုင်စာ၊ ပုဂ္ဂလိကအချင်းချင်းတိုင်စာ၊ မဟုတ်မမှန်တိုင်စာ၊ အငြင်းပွားမှုတိုင်စာ၊ အထောက်အထားမခိုင်လုံ၍ ရပ်မိရပ်ဖ သက်သေမခံနိုင်ကြောင်း၊ လူနေထိုင်မှုမရှိသည့် အတွက် (၁)ရာသီတစ်ကြိမ်သာ စိုက်ပျိုး၍ ပစ်ထားခဲ့ပြီး၊ နှစ်(၂၀)ကျော်မှ အကြောင်းအရင်းမခိုင်မာ တိုင်စာများကိုလည်း ခွဲခြားစိစစ်ပြီးဖြေရှင်းရန်၊ မြန်မြန် ပြီးပြတ်အောင် ဖြေရှင်နိုင်မှာဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ်အပ်နှံမြေများကို ပြန်လည်နေရာ ပေးအပ်ရာတွင် ပုံစံ(၃)ခိုင်မာမှ ပုံစံ(၇)ထုတ်ပေးရမည် ဖြစ်ကြောင်း၊ အမှုတွဲများကိုလည်း မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီက မြေလွှဲအမှုတွဲများကို ဒီဇင်ဘာလအပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ချက်များကို လုပ်ငန်းမှတ်တမ်းထားရှိ၍ (၂)ပတ်တစ်ကြိမ်၊ ဆောင်ရွက်ပြီးစီးမှုများကို တင်ပြပေးရန်နှင့် တာဝန်ပေးရန်၊ တိုက်တွန်းပြောကြား သွားကြောင်းသိရသည်။

   ဆက်လက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၄)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၄) တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၄) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ကြသည်။

   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ရှမ်းပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အထွေထွေ ဆွေးနွေးတင်ပြကြသည်။

   ယင်းနောက် ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊  ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူ များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 124 guests and no members online

Latest Updates