ရှမ်းပြည်နယ်သတင်းများ

ညမီးကြီး ပဉ္စမဆုရရှိသော မြတ်နိုးသူဆောက်လုပ်ရေးမိသားစုမီးပုံပျံအဖွဲ့လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းများသို့ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး နိုဝင်ဘာ - ၁၃

748

   ၂၀၁၄ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပြိုင်ပွဲတွင် ညမီးကြီး ပဉ္စမဆုရရှိသော မြတ်နိုးသူဆောက်လုပ်ရေးမိသားစု မီးပုံးပျံအဖွဲ့များသည် နိုဝင်ဘာ(၁၃)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ စိန်တောင်တန်းခန်းမ၌ တောင်ကြီးမြို့နယ် ဓမ္မစကူးနှင့် ရွှေတောင်တန်းဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း(အေးသာယာ)၊ ဓမ္မဝိဒူ အုတ်ဖိုဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း (ရတနာသီရိ)များသို့ အလှူငွေများပေးအပ်လှူဒါန်းကြောင်းသိရသည်။

   အခမ်းအနားတွင် တောင်ကြီးမြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာ ဦးသန့်စင်က လှူငွေပေးအပ်လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး၊ မီးပုံးပျံဒိုင်အဖွဲ့ဝင် ဦးကျော်မြင့်၊ မီးပုံးပျံအဖွဲ့ကိုယ်စား ဒေါက်တာဦးသန်းဝင်း၊ မီးပုံးပျံအဖွဲ့မှ မီးဆရာကိုမျိုးဝင်းတို့မှ အသီးသီး အမှာစကားပြောကြားကြသည်။

   ဆက်လက်၍ အလှူငွေများပေးအပ်လှူဒါန်းရာ တောင်ကြီးမြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးသန့်စင်မှ အလှူငွေများကို တောင်ကြီးမြို့နယ် ဓမ္မစကူးရန်ပုံငွေကျပ်(၆)သိန်း၊ ရွှေတောင်တန်းဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း (အေးသာယာ)အတွက် ငွေကျပ်(၆)သိန်း၊ ဓမ္မဝိဒူအုတ်ဖိုဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း (ရတနာသီရိ)အတွက်ငွေကျပ်(၆)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိကိုယ်စားလှယ် အသီးသီးမှ လက်ခံရယူကြကြောင်းသိရသည်။

   မြတ်နိုးသူဆောက်လုပ်ရေးမိသားစုမီးပုံးပျံအဖွဲ့သည် ၂၀၁၄ခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ လွှတ်တင်ပြိုင်ပွဲတွင် ညမီးကြီးတစ်လုံး စိန်နားပန်တစ်လုံးဝင်ရောက်ယှဉ်ပြိုင်ရာတွင် ညမီးကြီးတစ်လုံး ပဉ္စမဆုငွေကျပ်(၂၅)သိန်းရရှိပြီး၊ အလှူငွေကျပ်(၁၈)သိန်းကို တောင်ကြီးမြို့နယ်ဓမ္မစကူးနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း(၂)ကျောင်းသို့ အလှူငွေကျပ် (၆)သိန်းစီပေးအပ်လှူဒါန်းခဲ့ပြီး၊ မီးပုံးပျံပြိုင်ပွဲကို(၂)နှစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ တောင်ကြီးမြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာနှင့် ဝန်ထမ်းများ မီးပုံးပျံခေါင်းဆောင် နှင့် အဖွဲ့ဝင်များ၊ မီးပုံးပျံဒိုင်ဖွဲ့ဝင်များ၊ မီးပုံးပျံမီးဆရာနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 119 guests and no members online