ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံ

တောင်ကြီး နိုဝင်ဘာ - ၁၇

791

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးတို့နှင့် အတူ နိုဝင်ဘာ(၁၇)ရက် နံနက်(၁၀)နာရီက ရွာငံမြို့ဗထူး ခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးထူးကိုကိုမှ ဒေသဆိုင်ရာအခြေအနေများအား Power Pointဖြင့် ရှင်းလင်းဆွေးနွေးကြောင်းသိရသည်။

   ဆက်လက်၍ ရွာငံမြို့နယ် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌ ဦးဘုန်းထက်နိုင်မြင့်နှင့် ပင်းတယမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးထင်အောင်တို့မှ ဒေသဆိုင်ရာအချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ အသီးသီးရှင်းလင်းတင်ပြကြကြောင်းသိရသည်။

   ထို့နောက် ရွာငံမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌများမှ မိမိတို့ကျေးရွာအုပ်စုရှိ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျောက်ချောလမ်းများ ဖောက်လုပ်ပေးရန်  ဒေသလိုအပ်ချက်များကို တင်ပြ၍လည်းကောင်း၊ ပင်းတယမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများမှ မိမိတို့ကျေးရွာအုပ်စုရှိ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျောက်ချောလမ်းများ ဖောက်လုပ်ပေးရန်  ဒေသလိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

   ၎င်းနောက် တက်ရောက်လာသည့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌတို့က မိမိတို့နှင့် သက်ဆိုင်သောလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။  ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်း(၅၀၀)စီကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌများဖြစ်ကြသော ဦးဘုန်းထက်နိုင်မြင့်နှင့် ဦးထင်အောင်တို့က အသီးသီးလက်ခံ ရယူကြသည်။

   ယင်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့ရှိ ရွှေပေါ်ကျွန်းဘုန်းတော်ကြီးကျောင်းသို့သွားရောက် ကာ ဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ပြီး၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ၊ ဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။

   ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့တွင် တည်ဆောက်လျှက်ရှိသော မြို့နယ်လုံးဆိုင်ရာသာသနာဗိမာန် အဆောက်အဦတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် တာဝန်ရှိသူတစ်ဦးက အဆောက်အဦပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

   အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ပြည်နယ်၊ ခရိုင်နှင့် ရွာငံ၊ ပင်းတယမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွာငံ၊ ပင်းတယ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 96 guests and no members online