ရှမ်းပြည်နယ်သတင်းများ

ရှမ်းသက္ကရာဇ် ၂၁၀၉ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၁၈

792

   ရှမ်းသက္ကရာဇ် ၂၁၀၉ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်ချီးမြှင့် ပေးကြကြောင်း၊ သိရသည်။ 

   ဆက်လက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမတ် ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ဦးစိုင်းထွန်းမြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

   ထို့နောက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဂုဏ်ထူးဆောင်နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဌ၊ ဦးစိုင်းထွန်းမြတ်မှ နှုတ်ခွန်းဆင့်စကားပြောကြားကြောင်းသိရသည်။

   ၎င်နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှု အကအဖွဲ့များမှ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအက များဖြင့် ကပြဖျော်ဖြေကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိကြသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းရှိ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် များ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်းသိရသည်။ 

                                                                               မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 158 guests and no members online

Latest Updates