ရှမ်းပြည်နယ်သတင်းများ

ဇေတဝန် ဗုဒ္ဓသာသနာ့ ဗိမာန်တော်(၃)ထပ်ဆောင် ဖွင့်ပွဲကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၁၉

793

   ရှမ်းပြည်နယ် စူဠာမုနိလောကချမ်းသာစေတီတော် နယ်မြေအတွင်း ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင်ဖွင့်ပွဲကို နိုဝင်ဘာ(၁၉)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော်တောင်ဘက်အတွင်းရှိ အဆိုပါအဆောက်အဦ၌ ကျင်းပရာ တက်ရောက်လာသူများက နေရာယူ၍ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ဝင်းတို့က ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သာသနာ့ဗိမာန်တော် ကမ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဇနီး၊ပြည်နယ် စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူတို့က  ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွေးနံသာရည်များ ပတ်ဖျန်းပေးကြကြောင်း သိရသည်။

   ထို့နောက် အစီအစဉ်အရ ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူ တို့နှင့် ဧည့်ပရိတ်သတ်များတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ရှမ်းပြည်နယ် သံဃာနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တပညာသီရိ (အဂ္ဂမဟာပဏ္ဍိတ)မင်းကွန်း ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ပွားများအပ်သည့်  မေတ္တာသုတ်နှင့်ပရိတ်တရားတော်များကို နာယူကြကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်းအစရှိသည့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ဗုဒ္ဓသာသနာ့ဗိမာန်တော်ဆောက်လုပ်မှုအခြေအနေအကျဉ်းချုပ်အား ဂေါပကအဖွဲ့ ဥက္ကဌ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ဝင်းမှ ရှင်းလင်းဖတ်ကြားသည်။

   ၎င်းနောက် ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော် သံဃာတော်အရှင်သူမြတ်များက သာဓု အနုမောဒနာတရားချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြကြောင်း သိရသည်။

   အဆိုပါ ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင်ကို ရပ်ဝေးရပ်နီးဘုရားဖူးအလှူရှင်များထံမှ အလှူငွေစုစုပေါင်းကျပ် (၅၃၃,၂၂၃၀၀)ကျပ် (ငါးရာသုံးဆယ့်သုံးသိန်း နှစ်သောင်း သုံးထောင် ရှစ်ရာ) ရရှိခဲ့ပြီး၊ သာသနာ့ဗိမာန်အခန်းတစ်ခန်းအတွက် (၂၅)သိန်းဖြင့် တစ်ဦးချင်းအလှူရှင်(၁၀)ဦးရှိပြီး၊ ဗိမာန်တော်အဆောက်အဦ ဆောက်လုပ်ကုန်ကျငွေစုစုပေါင်းမှာ ငွေကျပ်(၃၇၅၅,၇၈၈၃၀)ကျပ် (သုံးထောင့် ခုနှစ်ရာ ငါးဆယ့်ငါးသိန်း ခုနှစ်သောင်း ရှစ်ထောင့် ရှစ်ရာသုံးဆယ်) ကုန်ကျကြောင်းနှင့်အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့်ဇနီးများ၊ ပြည်နယ် ဥပဒေချုပ် နှင့်ဇနီး၊ ပြည်နယ် စာရင်းစစ်ချုပ် နှင့်ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 91 guests and no members online

Latest Updates