ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ပန္နက်တင်မင်္ဂလာကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၀

795

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ပညာဗောဓိလမ်း၊ ဗောဓိတောင်ကုန်း၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ(၂၀)ရက် နံနက် (၈)နာရီခွဲက အဆိုပါ ဗောဓိတောင်ကုန်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော်/ သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးအရာရှိများ၊ ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်သံဃာနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ပညာသီရိ မင်းကွန်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ရတနာပန္နက်တော်များ၊ ရတနာပန္နက်တူများကို ဆရာတော်/ သံဃာတော်များအား ဆက်ကပ်ကြပြီး၊ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။

   ထို့နောက် ဆရာတော်/ သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ချီးမြှင့်၍ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ပညာသီရိ မင်းကွန်းဆရာတော်ကြီးမှ ရေစက်ချတရား နာကြားကြကြောင်း သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပန္နက်တင်မည့် ကျောင်းမြေနေရာသို့ ပန္နက်တော်များ ပင့်ဆောင်ပြီး၊ ပန္နက်တင်မည့် ကျောင်းမြေတွင် နေရာယူ၍ မင်္ဂလာအချိန်ကျရောက်သောအခါ ပန္နက်တော်များ ရိုက်ပေးကာ အမွှေးနံ့သာများဖြင့် ပန္နက်တော်များအား ပက်ဖျန်းပေးပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 117 guests and no members online

Latest Updates