ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁

796

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော်၊ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီဇင်ဘာလ(၁)ရက် နံနက်(၁၀၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။ 

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၃၉)ဦး ရှိသည့်အနက် (၁၁၃)ဦးတက်ရောက်သည့်အတွက် (၈၁.၂၉%)တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြာပြီး ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းကို မှတ်တမ်းတင်ကြောင်း လွှတ်တော်မှ ကြေညာပါသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၁၂)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြည်လည်ဖြေကြားကြပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မိုင်းရှူးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုင်းထွန်းမြင့်သည် (၁၆-၉-၂၀၁၄)တွင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း အဆိုတစ်ရပ်ကို တင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း ပြုပြင်ပြီး ရသုံးမှန်းခြေ ငွေစာရင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒကြမ်းနှင့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မူလရသုံးခန့်မှန်းခြေ ငွေစာရင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ထို့နောက် ပထမအကြိမ် ရှမ်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အား နေ့လည်(၁၄၃၀)နာရီ တွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                        ပြည်နယ်ပြန်/ ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 89 guests and no members online

Latest Updates