ရှမ်းပြည်နယ်သတင်းများ

LUCKY MYANMAR ကုမ္ပဏီမှ တောင်ကြီးမြို့နယ်အတွင်း ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

တောင်ကြီး   ဒီဇင်ဘာ   ၅

802

   (၂၀၁၃-၂၀၁၄) ပညာသင်နှစ် LUCKY MYANMAR ကုမ္ပဏီမှ တောင်ကြီးမြို့နယ် အတွင်း ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ(၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးစိုင်းဇော်ဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆိုင်းဘုတ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အတွင်း စာသင်ခန်း များကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

   ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် စိန်မြင်းမိုရ်ခန်းမ၌ တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း"သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားကြောင်း သိရသည်။

   ထို့နောက် LUCKY MYANMAR  ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းထွန်းမှ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ် ရာ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေမှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးစိုင်းဇော်ဇော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

   ၎င်းနောက် တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက "အောင်စေပိုင်စေ" သီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး၊ အခမ်းအနား သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဌနှင့် အဖွဲ့ဝင် များ၊  လူမှုရေးအသင်းအဖွဲ့များ၊ ကင်းထောက်မောင်မယ်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 93 guests and no members online

Latest Updates