ရှမ်းပြည်နယ်သတင်းများ

ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ(ဒုတိယ)ပတ်တောင်ကြီးမြို့၌ လူထုအားလုံး ပါဝင်ဆင်နွဲ

တောင်ကြီး   ဒီဇင်ဘာ   ၁၃

808

   ပြည်သူလူထုကို အားကစားလုပ်ငန်းများ စိတ်ဝင်စား၍ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်း ပြီး၊ ကိုယ်လက်ကြံခိုင်ရေးအတွက် လူထုလှုပ်ရှားမှု အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၁၃)ရက် နံနက်(၅)နာရီခွဲက တောင်ကြီးမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယ)ပတ် ကို မြို့မစျေးကြီးရှေ့စုရပ်မှစတင်ထွက်ရှိကြောင်း သိရသည်။

809

   လမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သေနတ်ပစ်ဖောက်ကာ တာလွှတ်ပေးပြီး၊ မြို့မစျေးကြီးရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လမ်းလျှောက်၍ ရှမ်းပြည်နယ်လွှတ်တော်ရုံးမြောက်ဘက်လမ်းမှ ရုံးကြီးလမ်းအတိုင်း ဆက်လက်၍ လမ်းလျှောက်ဆင်နွဲပြီး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးကွင်း တွင် ကိုယ်ကာယနည်းပြ နန်းမိုမိုမောင်၊ ခရိုင်ဦးစီးအရာရှိ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးကောလိပ်မှ ဆရာမ ဒေါ်ကြည်ကြည်စိန်တို့က ကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)တို့ကို ဦးဆောင်၍ စုပေါင်းပြုလုပ်ကြကြောင်း သိရသည်။

   လမ်းလျှောက်ပွဲဆင်နွဲရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ ဆရာမနှင့် သင်တန်းသူများ၊ တောင်ကြီးပညာရေးကောလိပ်မှ အုပ်ချုပ်သူ ဆရာမများနှင့် သင်တန်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူများ၊ ဒေသခံ မိဘပြည်သူများ၊ အင်အား(၈၅၆၅)ဦးခန့် စုပေါင်းလမ်းလျှောက်ဆင်နွဲကြကြောင်း သိရှိရသည်။

                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

810

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 98 guests and no members online

Latest Updates