မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရှမ်းပြည်နယ်သို့ ဘောလုံးပေးအပ်လှူဒါန်း

တောင်ကြီး ဒီဇင်ဘာ  -  ၁၃

811

   မြန်မာအားကစားရှင်သန်ထက်မြတ်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ပေါက် လာရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရှမ်းပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် အခြေခံပညာကျောင်းများသို့ ဒီဇင်ဘာလ(၁၃)ရက် နေ့လည်(၁၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကင်း၌ ဘောလုံး(၅၀၀)စီပေးအပ်လှူဒါန်းကြောင်းသိရသည်။

   ပထမဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှ ဘောလုံးလှူဒါန်းရခြင်း အကြောင်းရှင်းလင်းပြောကြားပြီး၊ ဘောလုံးပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် ဘောလုံး(၅၀၀)ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ လက်ခံ၍လည်းကောင်း၊ အခြေခံပညာကျောင်းများအတွက် ဘောလုံး(၅၀၀)ကို ဆက်လက်ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်၊ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က လက်ခံရယူ ကြောင်းသိရသည်။

812

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ဦးခွန်သိန်းမောင်က ကျေးဇူးတင်စကားပြောကြားပြီး၊ အမှတ်တရဓါတ်ပုံရိုက်ကူး၍ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြု ကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက် ကြကြောင်းသိရသည်။

                                                                        မောင်မောင်သန်း(တောင်ကြီး)