ရှမ်းပြည်နယ်သတင်းများ

ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဥပဒေ(မူကြမ်း)အား ရှင်းလင်းဆွေးနွေး

တောင်ကြီး ဒီဇင်ဘာ - ၁၆

815

   ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဥပဒေ(မူကြမ်း) အား ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာ(၁၆)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာ စကားပြောကြားရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သည် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ ပုဒ်မ၄၀၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်ကြောင်း၊ ပြောကြားသွားကြောင်း သိရသည်။

   ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးမှ Early Childhood Care And Development (ECCD) နည်းဥပဒေ(မူကြမ်း)အား ရှင်းလင်းရာ - ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး  ဆိုင်ရာ နည်း ဥပဒေများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လူမှုဝန်ထမ်းဦးစီး ဌာန၏ လုပ်ငန်းတာဝန်များ၊ နေ့ကလေးထိန်းဌာန တည်ထောင်ဖွင့်လှစ်ခြင်း၊ မူလတန်းကြိုကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း၊ ရပ်ရွာအခြေပြုလုပ်ငန်းများနှင့် အိမ်အခြပြုလုပ်ငန်းများ၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း၊ အယူခံခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း၊ အထွေထွေ စသည့် ခေါင်းစဉ်များဖြင့် အကျယ်တစ်ဝင့် ရှင်းလင်းသွားပြီး၊ အခမ်းအနားတက်ရောက် လာသူများမှ သိရှိလိုသည်များကို အထွေထွေဆွေးနွေးကြကြောင်းသိရသည်။

   အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အစိုးရမူကြိုကျောင်း၊ ကိုယ်အားကိုယ်ကိုး မူကြိုကျောင်း၊ ပုဂ္ဂလိကမူကြိုကျောင်းတို့မှ တာဝန်ရှိသူများ မသန်စွမ်းဂေဟာ မူကြိုကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရာက်ကြကြောင်းသိရှိရသည်။

                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 191 guests and no members online