We have 60 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

ဟိုပုံး မေ - ၂၀

58
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ မေ (၂၀)ရက် နံနက် (၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းအား တစ်ဦးချင်း မိတ်ဆက်ကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ဒေသအခြေအနေများအား တင်ပြရှင်းလင်းသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မကြာခင် ရွေးကောက်ပွဲ ဆောင်ရွက်တော့မည်ဖြစ်သည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နိုင်ငံရေးစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ မရှိသေးပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွန်မှာကြားချက်အရ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေးကဏ္ဍနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးစသည့်အချက် (၄)ရပ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့် ဒေသများတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ CDM လုပ်သွားသည့် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပါက လက်ခံဆောင်ရွက်ပေးရန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်    ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှလက်ခံရယူကြသည်။
ထို့နောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း နှင့်တာဝန်ရှိသူများသည်ဟိုပုံး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်၍ ကျောင်းဆောင်များ၊ စာသင်ခန်းများအား သွားရောက် ကြည့်ရှုရာ ကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူ တို့သည် ဆီဆိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံရာဆီဆိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒေသဆိုင်ရာအချက်အလက်များ တင်ပြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြား၍ ဆီဆိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့သို့ ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ လက်ခံ ရယူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ဆီဆိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်များ၊ စာသင်ခန်းတို့ကို လှည့်လည် ကြည့်ရှုကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ