We have 353 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

လားရှိုး မေ - ၂၄

62
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မေ(၂၄)ရက်၊ နံနက်(၉)နာရီက နိုင်ငံသားစိစစ်ရေးကက်ပြားများ ပေးအပ် ကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ “ပန်းခင်း” စီမံချက်ချမှတ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ပုံစံ(၁၀)များကို ဆောင်ရွက်ပေးနေကြောင်း၊ မကြာခင်ကာလတွင် နိုငံတော်၏ လမ်းညွှန်ချက် နှင့်အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါလီမန် ဒီမိုကရေစီရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည်ဖြစ်၍ သတ်မှတ်သည် နိုင်ငံသား စိစစ်ကတ်ပြားများ ရရှိမှာသာ မဲကိုထည့်ခွင့်ရမှာ ဖြစ်ကြောင်းနှင့် စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေး နေပါကြောင်း၊ သက်ဆိုင်ရာဒေသများနှင့် မိုင်းရယ်၊ တန့်ယန်းဒေသများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ပါက လုံခြုံရေးကိစ္စများ ကူညီဆောင်ရွက်ပေးကြရန် အားလုံးပူးပေါင်း ဆောင်ရွက်ပါက မကြာခင် ရည်မှန်းချက်များ ပြည့်လာမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်းနှင့် ကွမ်းလုံမြို့နယ် အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့ဝင် မိသားစု များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူစုစုပေါင်း (၁၄၂၇)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရှမ်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့၊ ကိုးကန်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ဒေသခံ ပြည်သူများမှ လက်ခံရယူပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်းသိရှိရသည်။

63
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် လားရှိုး မြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသော သီရိင်္ဂလာဓမ္မရတနာသုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ရာ အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး လားရှိုးမြို့နယ် သံဃာနာယက ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တပာညနန္န (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အဂ္ဂ မဟာ ကမ္မဋ္ဌာနာစရိယ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးမှ သြဝါဒကထာများ ချီးမြှင့်၍ အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းများ ဆောင်ရွက်ကြရာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ အလှူငွေများ ပေးအပ်လှူဒါန်းမှုကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လက်ခံရယူ ပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က အလှူငွေများ ပေးအပ်ခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ လက်ခံရယူပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ပြီး အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းမှုကို ဒုတိယတိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

64
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့၊ ဆုံကွယ်ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ ကျောင်းအုပ်ဆရာကြီး ဦးမြတ်ထွန်းစိုးမှ ရှင်းတင်ပြမှုအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း ကလိုအပ်သည့်များ ဖြည့်စွက်မှာကြားပြီး လားရှိုးမြို့၊ ရပ်ကွက်(၅)ရှိ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းလာရောက်အပ်နှံသော ကျောင်းသား/ ကျောင်းသူများအား ဗလာစာအုပ်၊ ခဲတံ၊ faceshee တို့ကို ထောက်ပံ့ ပေးအပ်ပြီး ကမ္ဘောဇခန်းမ၌ ကျောင်းဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

65
၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် အမှတ် (၉/၁၀၀)တပ်မတော်စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ သူနာပြုများနှင့်တွေ့ဆုံ၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ဆေးရုံအတွက် ထောက်ပံ့ငွေကျပ် သိန်း(၃၀) ပေးအပ်ရာ အမှတ်(၉/၁၀၀)တပ်မတော်စစ်ဆေးရုံ၊ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ဆေးရုံတွင်လာရောက်ဆေးကုသမှုခံယူနေသော လူနာများအား ကြည့်ရှုအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ