We have 359 guests and no members online

ဟိုပုံး ဇွန် - ၂၂

83
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်ဦးစီးမှူးရုံးများမှ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းကို ဇွန် (၂၂)ရက်၊ နံနက် (၉)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးခန်းမ၌ ကျင်းပ သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” ဟူသော စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့ကစပြီး တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများရှိပြီး နိုင်ငံသား မဟုတ်သူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ မဲပေးပိုင်ခွင့်မရှိသူများလည်း ပါဝင်နေပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲပေးနိုင်ရေးကို စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားဖြစ်မှု အရည်အချင်း ပေါ်မူတည်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရန်၊ ဥပဒေနှင့်အညီ တတ်နိုင်သမျှဖြေလျော့ပြီး “ပန်းခင်း”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အနေဖြင့် မြို့နယ်ရုံးများကို လာရောက်ဆောင်ရွက် ရသည့်ကိစ္စတစ်ခုကို အဆင်ပြေချောမွေ့စွာနှင့် ငွေကြေးကုန်ကျမှု သက်သာပြီး ကိုယ့်ဒေသတွင် လုပ်ငန်းခွင်၌ အလုပ်အကိုင် မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကြသည့်အတွက် ဝမ်းသာစရာဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများသည်နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရှိခံစားနိုင်မှာဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် နိုင်ငံသား အပေါ် သစ္စာစောင့်သိရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအောင်သွင်ဦး မှ “ပန်းခင်း”စီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ဟိုပုံးမြို့နယ် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှ စစ်သည်နှင့်မိသားစုများ၏ အိမ်ထောင်စုလူဦးရေစာရင်း (၃၄)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂)ကတ်၊ စငေါကျေးရွာအုပ်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၅)ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း (၁၆၇)စောင်၊စံ ဖူးကျေးရွာအုပ်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၃)ကတ်၊ အိမ်ထောင်စုလူဦးရေးစာရင်း(၈၃)၊ ပေါင်လင်ကျေးရွာအုပ်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၆)ကတ်၊ လုံဟေးကျေးရွာအုပ်စု နိုင်ငံသားစိစစ်ရေးကတ် (၉၅)ကတ်၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်ကျေးရွာအုပ်စုကတ်ပြား (၁၆၁)ကတ်၊ အိမ်ထောင်စုလူဦးရေးစာရင်း (၅၁)စု၊ ပါလောပါကယ်ကျေးရွာ အုပ်စု၊ ကတ်ပြား(၁၂၀)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း(၅၆)စု၊ ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ကတ်ပြား (၃၇၂)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၁၂)စု၊ နန်းပုလင်းကျေးရွာအုပ်စု၊ ကတ်ပြား(၄၃၇)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၂၁၈)စုတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ ဒေသခံပြည်သူများမှ လက်ခံရယူကြသည်။
ထို့နောက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား “ပန်းခင်း”စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပြုလုပ်ပေးသည့်အတွက် ပေါင်လင်းကျေးရွာအုပ်စု၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစောရီကကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် အိမ်ထောင်စုလူဦးရေစာရင်း(၆၂၁)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၅၀၁)ကတ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

84
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် သာယာကုန်း- ဘန့်ပိန်း-ချန်ထိ- ရွာသစ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုဆေးပြီး ရှင်းလင်းဆောင်ခန်းမတွင် ခေတ်ကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီနှင့် မန်းပြည်ဒဂုန်ကုမ္ပဏီမှ တာဝန်ရှိသူများက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။
အဆိုပါ သာယာကုန်း- ဘန့်ပိန်း- ချန်ထိ- ရွာသစ်လမ်း ကတ္တရာခင်းခြင်းတွင် ကုမ္ပဏီနှစ်ခုမှ (၁၆.၀၅၇)ကီလိုမီတာ ဆောင်ရွက်ကာ ကျေးရွာပေါင်း (၁၉)ရွာ၊ အိမ်ခြေ(၁၁၆၀)လူဦးရေ (၅၉၁၇)ကျေးရွာနေ ပြည်သာများအား အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ