ရှမ်းပြည်နယ်သတင်းများ

(၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၇

 879

   (၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ (၇)ရက်၊ မွန်းလွှဲ (၁)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တက်ရောက် အမှာစကားပြောကြားပြီး၊ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်ပြိုင်ပွဲ၊ ဒိုင်ချုပ် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

   ဆက်လက်၍ ယဉ်ကျေးမောင်များက စင်မြင့်ထက်တွင်နေရာယူ မိတ်ဆက်ကြပြီး၊ လှည့်လည်းပြသ၍ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က ပေးအပ်၍လည်းကောင်း၊ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၁)(၂)ရရှိသော ယဉ်ကျေးမောင်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကပေးအပ်ရာ ဆုရရှိသူယဉ်ကျေးမောင်များက အသီးသီး လက်ခံရယူကြသည်။ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမယ်များက စင်မြင့်ထက်တွင်နေရာယူ မိတ်ဆက်ကြပြီး၊ လှည့်လည်းပြသ၍ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးစိုင်းထွန်းရင်၏ ဇနီးဒေါ်ချိုချိုခိုင်မှ ပေးအပ်ရာ ဆုရရှိသူများက လက်ခံရယူကြပြီး၊ ယဉ်ကျေးမယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၁)(၂)ရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏ ဇနီးဒေါ်ဖြူဖြူညွန့်က ပေးအပ်ရာ ပြိုင်ပွဲဝင်ဆုရရှိသူယဉ်ကျေးမယ်များက အသီးသီးလက်ခံရယူကြသည်။ 

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အကဲဖြတ် ဒိုင်လူကြီးများ၊   တက္ကသိုလ် ပါမောက္ခချုပ်ကြီးနှင့် ပါမောက္ခများ၊ ပြိုင်ပွဲဝင်၊ ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

                                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 91 guests and no members online

Latest Updates