ရှမ်းပြည်နယ်သတင်းများ

(၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၇

 880

   ၂၀၁၅ခုနှစ်၊ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံဖျော်ဖြေပွဲ ကို ဖေဖေါ်ဝါရီ(၇)ရက်၊ ည(၆)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   (၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များမှ ဖျော်ဖြေရေးဖြင့် တင်ဆက်ကြသည်။ ဆက်လက်၍ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုငွေများချီးမြှင့်ပေးရာ မောရှမ်း၊ ကချင်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ လီဆူ(ရှမ်းမြောက်)၊ ကိုးကန့်(ရှမ်းမြောက်)၊ တိုင်းရင်းသားယဉ်ကျေးမှုအကဖွဲ့များကို ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဦးစိုင်းလုံးဆိုင်မှ တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီကို ပေးအပ်၍ လည်းကောင်း၊ အာခါ၊ လီဆူ(တောင်ကြီး)၊ တောင်ရိုး၊ ကိုးကန့်(တောင်ကြီး)၊ အင်းတိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့ တို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးတို့က တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီကို ပေးအပ်၍ လည်းကောင်း၊ ပလောင်၊ ဓနု၊ တိုင်းလုံရှမ်း(တောင်ကြီး)၊ 'ဝ'၊ လားဟူ၊ ဂုံရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်တို့က တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲတွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့(၁၆)ဖွဲ့ ကပြဖျော်ဖြေကြပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့တို့က လမုန်းအကဖြင့် ကပြဖျော်ဖြေကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 167 guests and no members online

Latest Updates